part 14. 🔞

17 3 1
                                    

"ဒါကော ထည့်ရမှာလား "

" အင်း ကလေး ကြိုက်တာထည့်"

" ဟုတ် အ့ ခဏ ဖယ်ပေးလေ အက်ျီထည့်ရအုံးမှာကို လိုက်မရှုပ်ပါနဲ့"

" မရှုပ်ပါဘူးကွာ ကိုယ်ကအားသွင်းနေတာ"

ငြိမ်းချမ်းအေး အကိုက ညကြီး သူ့ကို အခန်းထဲဆွဲသွင်းကာ ခရီးသွားဖို့အတွက်အဝတ်အစားတွေထည့်ခိုင်းနေတာဖြစ်သည်။ အကိုက အခုနောက်ပိုင်း သူ့ကိုအရမ်းကပ်ကာ အရမ်းလည်းအလိုလိုက်သည်။ သူလိုချင်တာသူဖြစ်ချင်တာတွေဖြစ်အောင်လုက်ပေးလေသည်။

" အတွင်းခံတွေကော ထည့်ပေးလေ "

ငြိမ်းချမ်းအေး ရှက်သွားကာ အံဆွဲထဲက အတွင်းခံအထပ်ကြီးကိုကြည့်နေမိသည်။

"မင်းကြိုက်တဲ့အရောင်ထည့်လိုက်လေ ကိုယ်ကတော့ ဘာအရောင်ဖြစ်ဖြစ်ရတယ်။ အရေးကြီးတာက မင်းကြိုက်တဲ့အရောင်ဖြစ်ဖို့ပဲ "

ငြိမ်းချမ်းအေး  အတွင်းခံတစ်ထည်တည်းနဲ့ ရပ်နေတဲ့ အကို့ရဲ့ ပုံရိပ်ကိုမြင်ယောင်ကြည့်လိုက်ကာ နားတွေပူလာလေသည်။

" ဘာလို့လဲ  ။ ကြိုက်တဲ့အရောင်မပါဘူးလား"

အကိုက သူ့ကိုရင်ခွင်ထဲထည့်ဖက်ထားကာ သူ့နားနားကပ်ကာတိုးတိုးလေးပြောလေတော့ ငြိမ်းချမ်းအေး ရှက်သွားကာ အကိုရင်ခွင်ထဲက ရုန်းထွက်လိုက်သည်။.

" အာ... အကို... ကျွန်  ကျွန်တော်မေ့နေတာ ကျွန်တော် ရေချိုးခန်းထဲက.ရေဖွင့်ခဲ့တာထင်တယ် သွားပိတ်ဖို့မေ့ခဲ့လို့ အဲဒါသွားလိုက်အုံးမယ်"

ငြိမ်းချမ်းအေး ပြောပြီးပြီးချင်း အကို့ရဲ့အခန်းထဲက လစ်ဖို့ ချောင်းလိုက်သည်။ သူဘယ်လောက်မြန်ပါစေ သူ့ထက်ပိုမြန်တဲ့အကို အခန်းပေါက်ကိုအရင်ရောက်သွားကာ တံခါးကို သူ့ကိုယ်လုံးကြီးနဲ့ပိတ်ကွယ်ထားသည်။

" ဘယ်ပြေးဖို့ချောင်းနေတာလဲ ကလေးရဲ့.. "

ခန့်ဦးဇေ ကလေး ကို ခါးကနေမြှောက်ကာပုခုံးပေါ်တင်လိုက်သည်။ ပြီးမှ တင်ပါးလေးကို ခက်ဆက်ဆက်လေးရိုက်ကာ

"  မင်းက အမြဲပဲပြေးနေတာ ကိုယ်နဲ့လာအိပ်ဆိုတော့လည်း မအိပ်ဘူး ကိုယ်လာအိပ်မယ်ဆိုလည်း လက်မခံဘူး။ ကလေး မင်းအရမ်းဆိုးတာပဲ"

မင်းကိုချစ်ရတဲ့သူက ကိုရယ်ပါ Where stories live. Discover now