အခက်ခဲတေ ရှိလာရင်တောင် နွေးထွေးတဲ့ မိသားစုနဲ့ အိမ်လေးကြောင့် အားဖြစ်ရတယ်တဲ့လား ။
ဒီမိသားစု၀င်တွေကြောင့်သာ ကောင်းကောင်းမွန်မွန် ရပ်တည်နေနိုင်ပြီး လူဖြစ်ရကျိုးနပ်တယ်လို့ ခံစားမိစေတာတဲ့လား။
ဒါဆို သူကရော?
ဟင့်အင်း ချန်းယောင်းအတွက်တော့ အိမ်ဆိုတာ အမုန်းဆုံး အနာကျင်ရဆုံး အမှတ်တရတေ ပြည့်နေတဲ့ မနှစ်မြို့စရာ နေရာ တစ်ခုပဲ။
ထွက်ပေါက်ရယ်လို့ မရှိလောက်အောင် မွန်းကြပ်စရာကောင်းလွန်းသည့် အိမ်ဆိုသော နေရာ။
ဒေါက်*
“ အီချန်းယောင်း! စိတ်မ၀င်စားရင် အပြင် ထွက်နေလို့ရတယ်နော် ”
တွေးနေရင်း ရုတ်တရက် နှဖူးတည့်"သို့ ပျံလာသော အရာကြောင့် အသိစိတ်ပြန်၀င်ပြီး ကြည့်မိတော့ Markerတစ်ချောင်း။
Samရှင်းပြတာကို နားထောင်နေပါလျက် နွေးထွေးတဲ့ အသိုက်အမြုံဆိုသော စကားကြောင့် သူ့အတွေးတွေ ပျံ့လွင့်ခဲ့ရခြင်း။
သို့သော် Samက ကြာကြာတွေးခွင့်မပေးပေ။
စိတ်မြန်လက််မြန်နှင့် လက််သံလည်း ပြောင်သော လူပျိုကြီး Sam Renjunက လူမရောက်ခင် Markerနှင့် အပြစ်ပေးလေပြီ။စာထဲ အာရုံလွှဲပြောင်းနေသော်ငြား ထို အကြောင်းအရာကြောင့် စိတ်ထဲ လေးလံနေဆဲ။
••🔔••
“ ဒီနေ့တော့ ဒီလောက်ပဲနော် samတို့ နောက်တစ်ချိန် ပြန််တွေ့ကြမယ် ကလေးတို့ ”
Samထွက်သွားသည့််တိုင် ဘာစာမှ ခေါင်းထဲမ၀င်။ ဆက်နေလည်း မထူးတာမို့ နောက်ဆရာ မ၀င်ခင် အတန်းထဲက ထွက်ခဲ့သည်။
ကျေောင်းစောင့့် မမိအောင် ခြံစည်းရုိးကို ကျေော််တက်ပြီး ထွက်ခဲ့သည့် ဦးတည်ရာက ကျောင်း အနောက််ဘက်က လမ်းကြားဆီ။
ဒီလမ်းဟာ ကျေောင်းရဲ့ အဆိုးအပေကျောင်းသားများ အုပ်စုဖွဲ့အနိုင်ကျင့်၊ ရန်ဖြစ်နေကျ နေရာပင်။ကျေောင်းချိန်အတွင်း ရောက်လာတာကြောင့် လူသိပ် မရှိသေး။ လေးလံနေတဲ့စိတ်ကို ဖြေဖျောက်ဖို့ လွယ်အိတ်ထဲမှ စီးကရက်ကို ထုတ်၍ မီးညှိပြီးကာမှ တစ်စုံတစ်ယောက်က ရုတ်တရက် အတွေးထဲ ၀င်လာခဲ့သည်။