တစ်ခါတစ်လေ ဖြေဆေးလို့ထင်ထားတဲ့ လူတွေကပဲ အဆိပ်ဖြစ်နေတတ်တယ်တဲ့...
..........
မနေ့က မိန်းကလေးရဲ့ ကျေးဇူးနဲ့ ညနေစာအထိ ခေါက်ဆွဲပြုတ်နဲ့ ညားနေရပြီဖြစ်သည်။ မိန်းကလေးအားပင် ဖြစ်သော်ငြား တစ်ဖက်ထဲကို နှစ်ချက်ဆက်တိုက် ရိုက်ခံခဲ့ရတာမို့ ထင်သလောက်တော့ အဆင်မပြေ။
စရောက်ကတည်းက အခန်းထဲမှာပဲ နေနေရတာကြောင့် ချန်းယောင်း တကယ်ကို ငြီးငွေ့နေပြီဖြစ်သည်။ အပြင်ထွက်ခွင့် မရတာကြောင့် ကျောင်းလည်း မတက််ရ။ ခက်ခက်ခဲခဲ ရထားတဲ့ အချိန်ပိုင်း အလုပ်လေး 2ခု 3ခုတော့ ပြုတ်ပြီထင်ပါ့။
ထိုအရာတွေကို ကြိုးကိုင်ထားတဲ့ လူကတော့ အရိပ်ကလေးတောင်မမြင်ရသေးပေမယ့် နာမည်နဲ့တင် ကောင်းကျိုး တစ်ခုမှ မပေးသေး။
စားသောက်ချိန်လည်း ပုံမှန် လာပို့ပေးပြီး အခန်းပြင်မှာလည်း လူ3 / 4ယောက််က မပြတ်မလပ်။ ခုနေ သေသွားရင်တောင် ဒီအခန်းထဲက လွတ်မည်မထင်။ချန်းယောင်း ရောက််နေကတည်းက အခန်းကိုရော ဘေးပတ်၀န်းကျင်ကိုပါ သေချာ မကြည့်ရသေးတာမို့ အခုမှ သေချာ လေ့လာမိသည်။အခန်းဖွဲ့စည်းပုံက ခမ်းနားလွန်းပေမယ့် ပရိဘောဂ များ"စား"တော့မရှိ။
အခန်းလယ်မှာ ကျယ်ပြန့်တဲ့ 2ယောက်အိပ် ကုတင်ကြီးရှိပြီး ဘယ်ဘက််မှာ စာကြည့်စားပွဲ တလုံးနဲ့ ညာဘက််က အညိုရောင် လိုက်ကာတွေကို ဖယ်ကြည့်လိုက်ရင် ၀ရံတာ တခု။အခန်းတခုလုံးကို အဖြူရောင် သုံးထားပေမယ့် ထိုလိုက်ကာတွေကသာ အညိုရောင် ဖြစ်နေသည်။
မျက််နှာကျက််နဲ့ ခေါင်းရင်းမှာ မီးဆိုင်းအစား Lighting Lineတွေကိုသာ တွေ့ရပြီး စာကြည့်စားပွဲရှေ့တွင်လည်း ပန်းချီကားတစ်ချို့ ချိတ်ဆွဲထားသေးသည်။
'Knock Knock
“ အကိုလေးက စာကြည့်ခန်းထဲကို လာခဲ့ဖို့ မှာလိုက်ပါတယ် အကိုလေး ”
တံခါးခေါက်် အသိပေးပြီး ချက်ချင်းပြန်ထွက်သွားတဲ့ အသံနောက် ချန်းယောင်းရဲ့အပြုံးတို့က ခြောက််ကပ်စွာ။ နောက်ဆုံးတော့ ခင်ဗျားကို တွေ့ရတော့မှာပေါ့။