.............
အမြင့်က ပြုတ်ကျသလို မောဟိုက်နေတဲ့ ခံစားချက်နဲ့ အတူ အသိစိတ်ပြန်၀င်လာပေမယ့် စူးရှလွန်းတဲ့ အလင်းရောင်ကြောင့် မျက်လုံးက ဖွင့်မရ။
မျက်လုံးတည့်တည့် ထိုးနေတဲ့ အလင်းရောင်ကို လက်နဲ့ အသာကာပြီး အားယူထမိသည်။
“ သခင်လေး သတိရလာပြီ ”
မျက်လုံး ဖွင့်"ချင်း တွေ့ရတာက သူ့အခန်းမဟုတ်ပဲ ခမ်းနားလွန်းတဲ့ အပြင်အဆင်နဲ့ အိပ်ခန်းရယ် ကုတင်ဘေးမှာ ခေါင်းငုံ့ပြီး ရပ်နေတဲ့ လူတချို့ရယ်။
“ အဆင်ပြေရဲ့လား သခင်လေး စားချင်တာရှိရင် ကျမတို့ကို ပြောလို့ရပါတယ်”
သူဘယ်ကို ရောက်နေတာလဲ။ ဒီလူတွေကရော သူ့ကို ဘာလို့ ဒီလိုဆက်ဆံနေတာလဲ။
သူ မနေ့က ဖေဖေ့ဓာတ်ပုံလေး ပိုက်ပြီး အိပ်ပျော်သွားတာမလား။ဒါမယ့် အခုက အိမ်မှာ မဟုတ်တာ အသေအချာ။
“ ဟို... အခုက ဘယ်ရောက်နေတာလဲဗျ ”
“ ဒါက သခင်လေး သိချင်ရင် အကိုလေးလာမှ ကိုယ်တိုင် မေးလိုက်ပါ ”
“ အကိုလေး? ”
“ဟုတ်ကဲ့ အကိုလေးက ဒီအိမ်တော်ရဲ့ ပိုင်ရှင်ပါ ”
အိမ်တော်ဆိုတော့ အမေသူ့ကို ရောင်းစားထားတဲ့ နေရာများလား ။ဒါဆို အကိုလေးဆိုတာက သူ့ကို ပိုက်ဆံနဲ့ ၀ယ်ထားတဲ့သူပေါ့။
“ သူက ဘယ်မှာလဲ အခု တွေ့ချင်တယ် ”
“အကိုလေးက ပွဲအတွက် ပြင်ဆင်နေတာမလို့ အခု အိမ်တော်မှာ မရှိသေးပါဘူး သခင်လေး ”
“ ပွဲ ? ဘာပွဲလဲ ”
“အဲ့တာက...”
'Knock Knock
ပြောခါနီးမှ လာနှောင့်ယှက်တဲ့ တံခါးခေါက်သံအဆုံး suitအပြည့်နဲ့ လူတယောက် ၀င်လာပြီး သူ့ကို ခေါင်းငုံ့နှုတ်ဆက်လာသည်။
“ ဂျောင်ဆောင်းချန်းလို့ ခေါ်ပါတယ် သခင်လေး အိမ်တော်ရဲ့ ရှေ့နေပါ ”
ထို့နောက် အိတ်ထဲက ကဒ်ထူပြားတစ်ခု ထုတ်ပေးလာတာကြောင့် ဘာမှ မပြောပဲ ဒီတိုင်း ပေကြည့်နေလိုက်သည်။