လူ့ကန့်လန့်ကို ထားခဲ့ပြီး အိမ်တော်အ၀ ရောက််မှ ခြံထဲက လူအုပ်ကိုတွေ့ပြီး ခေါင်းထဲ ၀င်လာတဲ့အသိက သွားပြီ ဆိုတာပင်။ ခုနကလေးတင် ကိုယ်နဲ့မရင်းနှီးတဲ့ အသိုင်းဝိုင်းက လူတေွကြား မသွားပါဘူးလို့ တွေးထားပြီးမှ စိတ်မနှံ့တဲ့အရူးနဲ့ စကားပြောမိပြီး ချန်းယောင်းပါ အသိစိတ် လွတ်သွားတယ်ထင်ပါရဲ့။
ကောင်းရော ။ အီချန်းယောင်းရေ မင်း အခု ဘယ်ကိုသွားမတုန်း ။
" ကိုကို့ကို စောင့်မှပေါ့ "
တွေးလို့မဆုံးသေး နောက််ကနေ သူ့လက််ကို လာဆွဲတဲ့သူကို ယောင်နနနဲ့ ကြည့်မိတော့ ထရယ်ပြန်သည်။
" မသိပဲနေမလား ကိုကိုက ဘယ်သူမလို့လဲ မင်းရဲ့ ကိုကိုလေ ဟင် "
ပြုံးစိစိ မျက််နှာထားနဲ့ မျက််စပစ်ပြနေတဲ့လူက တကယ် ပိတ်ရိုက််ချင်စရာ။
ခြံထဲ တစ်နေရာကနေ တစ်နေရာ လျှောက််သွားရင်း လူတချို့နဲ့ မိတ်ဆက််ပေးပေမယ့် ချန်းယောင်းကတော့ အသိအမှတ်ပြု ခေါင်းငြိမ့်ပြရုံသာ တုန့်ပြန်သည်။ ပတ်၀န်ဘင်းမျက််နှာကြောင့် ဟန်ဆောင်ပြုံးပြနေတဲ့ ဂုဏ်ကျက််သရေ ရှိလှပါသော လူကြီးမင်းတို့က ချန်းယောင်းအတွက်တော့ သိပ်ရွံဖို့ကောင်းသည်။
ယောက််ျားနှစ်ယောက်် လက််ထပ်တဲ့ ပွဲမှာ ဂုဏ်ဒြပ်တေွကြောင့်သာ အတင်းလုပ်ယူပြီး ပြောနေတဲ့ ဂုဏ်ပြုစကားတွေထက်် ကလေးငိုသံကမှ ချန်းယောင်းအတွက်် သာယာနာပျော်ဖွယ်ဖြစ်နေဦးမည်။
ဒီလိုအသိုင်းအဝိုင်းက အကုန် အတုအယောင်တွေချည်း။ ဟန်ဆောင်လုပ်ယူထားတဲ့ အပြုံးတွေရဲ့ သရုပ််မှန်ကို ကဲ့ရဲ့ရှုံ့ချချင်နေတဲ့ အကြည့်တွေက ေပြာပြနေသည်။သို့သော် ဒီလက််ထပ်ပွဲကလည်း တစ်ဖက်သက် လုပ်ယူထားတဲ့ အတုသာသာပဲဟု တွေးမိတော့ ခပ်ရွဲ့ရွဲ့ပြုံးမိသည်။
လုပ််ငန်းရှင်တွေနဲ့ စကားပြောနေတဲ့ ပတ်၀န်ဘင်းရဲ့ လေသံက အပေါ်ထပ်မှာ ချန်းယောင်းကို စနောက််နေတုန်းကနဲ့ မတူ။
နှုတ်ဆက််စကားပြောနေတဲ့သူတွေသာ ပြောင်းသွားပေမယ့် ဆုပ်ကိုင်ထားတဲ့ ချန်းယောင်းလက််တွေကိုတော့ လွှတ်မပေး။ ဒီဇင်ဘာ ညတစ်ညရဲ့ အအေးဓာတ်က ထိုလက််နှစ်စုံထံမှာ သက််ရောက််မှု ရှိမနေသလိုမျိုး။