“ ဒီမဖြစ်စလောက်် ပွဲလေးနဲ့ ဘင်းကိုရပြီလို့ အပိုင်မတွက််နဲ့နော် ဘင်းလိုလူက နင့်ကို သူ့နားမှာ ခဏပဲ ထားမှာ ”
ရှေ့မှာ ပိတ်ရပ််ပြီး နီနီရဲရဲ နှုတ်ခမ်းသားတို့ထက််မှာ မဲ့ပြုံးတစ်ခု ချိတ်ဆွဲလျက်် ခနဲ့တဲ့တဲ့ စကားတို့ပြောနေတဲ့ ဂျန်ဂျူရီက ပထမ တစ်ကြိမ်တုန်းကအတိုင်း ချန်းယောင်းမျက််လုံးထဲ ကန့်လန့်ဖြစ်နေပြန်သည်။
လူစိတ်၀င်စားခံရဖို့ လှဖို့ ပဖို့အတွက််နဲ့ Decemberလလို အချိန်မှာ အတိုအဟိုက်တေွလည်း ၀တ်နိုင်တာပဲလား ။
“ငါ့ကို ဘာကြောင်ကြည့်နေတာလဲ နင့်ကြည့်ရတာ ကုိယ်လာခဲ့တဲ့နေရာကို မေ့သွားပုံပဲ အေးပေါ့လေ အိမ်စုတ်လေးပေါ်ကနေ ဒီလိုနေရာထိ ချက််ချင်းရောက်လာတော့ အသိစိတ်က ဘယ်ရှိတော့မလဲ ”
“ အဲ့အိမ်စုတ်လေးပေါ်က ကောင်က ပတ်၀န်ဘင်းကို အတင်းတွန်းထုတ်နေရပေမယ့် မင်းကတော့ .. အဟင်း ”
“ တောက််! လူပါး၀တဲ့အကောင် ”
မကြာခန ရန်ဖြစ်ဖူးနေကျ ချန်းယောင်းအတွက်် မိန်းကလေးတစ်ယောက််ရဲ့ လက််ဝါးကို ရှောင်တိမ်းဖို့က ခက််ခဲမနေ။ စိတ်ရှိတဲ့အတိုင်း ရိုက််လိုက်ချင်ပေမယ့် အားမမျှတဲ့ မိန်းကလေးတစ်ယောက််ကို အနိုင်ကျင့်လောက််တဲ့အထိ ချန်းယောင်းအောက်တန်းမကျပါ။
“ တစ်ခါရိုက်ရရင် တော်ပြီပေါ့ ကိုကိုသိရင် ခင်ဗျားကို စိတ်ဆိုးလိမ့်မယ် ”
“ ဘာဖြစ်နေတာလဲ အဲ့တာ ”
“ ဘင်း ”
ချန်းယောင်းကို မီးတောက််တော့မတတ်ကြည့်နေတဲ့ မျက််လုံးတွေက ပတ်၀န်ဘင်းရောက်လာတာနဲ့ ချက််ချင်း ပြေးပြီး အားနွဲ့တဲ့ပုံစံ ပြောင်းသွားပြန်သည်။
“ ဂျူရီက ချန်းယောင်းလေးနဲ့တိုက််မိလို့ တောင်းပန်နေတာပါ အဟင့် ဒါပေမယ့်.. ”
“ ချန်း တိုက််မိတာ လဲကျသွားသေးလား အဆင်ပြေရဲ့လား ဘယ်နားနာနေလဲ ဟင် ”
ပတ်၀န်ဘင်းနားပြေးပြီး ဒရာမာခင်းမယ့် အစီအစဉ်က တိုက််မိတယ်ဆိုတဲ့စကားကြားပြီး ချန်းယောင်းကိုယ်ကို လှည့်ပတ်ကြည့်ပြီး
မေးခွန်းတေ မနားတမ်းမေးနေတဲ့ ပတ်၀န်ဘင်းကြောင့် အရှက်တကွဲအကျိုးနည်း။