လရောင််အောက််က ခြံ၀င်းတစ်ခုတွင် ဖြစ်၏။ စားသောက်် စကားပြောနေကြတဲ့ လူတစ်စုစီနဲ့ ၀င်ထွက််နေဆဲဖြစ်သော တန်ဖိုးကြီးကားများ။
လမင်းက အစွမ်းကုန် အလင်းရောင်တွေ ပေးနေသော်ငြား ခြံထဲမှာ အလှဆင်ထားတဲ့ မီးရောင်စုံတို့က အကျည်းတန်စွာ ဖုံးလွှမ်းထားသည် ။
လူတွေလိုပေါ့။ စစ်မှန်ပြီး အေးချမ်းတဲ့အရာတွေနဲ့ မနာလိုမုန်းတီးမှုတွေကိန်းအောင်းနေတဲ့ အတွင်းစိတ်အပုပ်အပွတွေ။ တွေးကြည့်လေ နားလည်လာလေပဲ။
*knock knock
“ ပွဲစတော့ပါမယ် အကိုလေး ”
“ ခနနေရင် ကျွန်တော် ဆင်းခဲ့မယ် ”
ခြံထဲက လှုပ်ရှားမှုတွေကို ကြည့်နေရာက အိမ်ထိန်းအဒေါ်ကြီးကို လှည့်ဖြေပြီး ဒီညဝတ်ရမယ့် suitဆီ အကြည့်ရောက််မိတော့ သက််ပျင်းမော တစ်ချက််ချမိပြန်သည်။
ရင်မောသည်။အမှန်တိုင်း၀န်ခံရလျှင် ချန်းယောင်း တကယ်ကို ရင်မောသည်။ ဘယ်လိုပဲ ငြိမ်ခံမနေပါဘူးလို့ ပြောထားပါစေ ပတ်၀န်ဘင်းလိုလူဆီက ဘယ်အားကိုး ဘယ်အင်အားနဲ့ စပြီး လွတ်မြောက််အောင် လုပ်ရမလဲ ချန်းယောင်းတကယ် မသိ။
ခနနေရင် သူဟာ ထိုလူ့အပိုင်ပါဆိုတဲ့ တံဆိပ်ကြီး ရိုက််နှိပ်ခံရတော့မည်။ချန်းယောင်း ဒီကိုရောက်နေတဲ့ ရက်ပိုင်းအတွင်း ထိုလူ့အကြောင်း တီးခေါက််မိရသလောက်် တော်ရုံလူတော့ မဟုတ်တန်ချေ။
အပေါ်ယံပြုံးပြ ဂုဏ်ပြုပြီး နောက််ကွယ်မှ အတင်းအဖျင်းပြောကြမယ့် အထက််တန်းလွှာအသိုင်းအဝိုင်းက လူတွေကြားထဲ နေရမှာကို အမှန်တကယ် မနှစ်မြို့မိ။
သူ့အတွေးတွေကို ရပ််လိုက််ပြီး အဝတ်အစားလဲဖို့ ပြင်ရသည်။ ဒါတောင် အစောပိုင်းက မိတ်ကပ်ပြင်ပေးရန် ရောက််လာကြတဲ့ မိန်းကလေးတစ်စုကို အော်ထုတ်ထား၍သာ။
ယောက််ျားတစ်ယောက််နဲ့ လက််ထပ်ရမည်မှာပင် လွန်လွန်းလှပြီမလား။ဒီအထိတော့ လုံး၀ လက််မခံနိုင်ပါ။ ပတ်၀န်ဘင်းဟာ စတွေ့ကတည်းက သူ့စိတ်ကြိုက််ပြုမူနေခဲ့တာ ချန်းယောင်းမှာ ငြင်းဆန်ချိန်တောင် မရခဲ့။