In The 2

484 41 7
                                    

~~~~~

တစ်ပတ်။အချိန်တစ်ပတ်က ခပ်မြန်မြန်ပဲ ကုန်ဆုံး သွားတယ်။သက်တောင့်သက်သာ ပြီးဆုံးသွားခြင်း မဟုတ်ပဲ ကျောင်းကအပြန် အချိန်ပိုင်း 2ခု 3ခု လုပ်နေကျ ချန်းယောင်းက  တစ်ပတ်လုံးလုံး ကျောင်းမတက်ပဲ ရရာအလုပ်မှန်သမျှ သိမ်းကြုံးလုပ်ခဲ့ရတာ။

သို့ပေမယ့် ဒီလို အချိန်ပိုင်းအလုပ်ကရတဲ့ တစ်ပတ်စာ လုပ်အားခလေးက ၀မ်သိန်း200ဆိုတဲ့ အင်အားကို ဖြည့်ဆည်းနိုင်ခြင်း မရှိခဲ့။

မနက်ဖြန်ဆိုတာတောင် မကြားချင်လောက်တဲ့အထိ ပင်ပန်းရပြီး ကိုယ်လွတ်ရုန်းချင်မိပေမယ့် ဖေဖေ့အိမ်လေးကိုတော့ မကောင်းတဲ့ သူတွေနဲ့ မထားခဲ့ချင်ပါ။ ချန်းယောင်း ပင်ပန်းရသည်ထက် ဖေဖေရဲ့ တစ်ခုတည်းသော ပိုင်ဆိုင်မှုလေးကို ကာကွယ်နိုင်ဖို့က အရေးကြီးသည်လေ။ ကောင်းကင်ပေါ်က ဖေဖေ စိတ်ချမ်းသာရအောင် သူ အသက်ရှင်နေသ၍  ကြိုးစားရမည်သာ။

ချန်းယောင်းက လွယ်လွယ် အရှုံးပေးသူ မဟုတ်သည့်တိုင် မဖြစ်နိုင်တဲ့ ၀န်ပမာဏကြီးကို လက်လျှော့ဖို့ မတွေးခဲ့သော်လည်း လက်ရှိအခြေနေက အကြွေးရှင်ဆီ ရက်ချိန်းရွှေ့ပေးဖို့သာ တောင်းဆိုရတော့မည်။ မဖြစ် ဖြစ်တဲ့နည်းနဲ့ ကာကွယ်ဖို့ ဆုံးဖြတ်ထားတဲ့ ဖေဖေ့အိမ်လေးအတွက် ဒူးထောက်ရလည်း ၀န်လေးတော့မည်မထင်။

့ခြံ၀မှာ ခြေစုံရပ်ပြီး လူခေါ် ခေါင်းလောင်းနှိပ်ဖို့ကို တွန့်ဆုတ်နေမိသည်။ငွေမချမ်းသာသော်လည်း မာနကြောင့် ဘယ်သူ့အကူအညီမှ မယူပဲ ရပ်တည်ခဲ့တဲ့ ချန်းယောင်းအတွက် သူတစ်ပါးကို အောက်ကျို့ တောင်းပန်ဖို့ လွယ်ကူမနေ။

“ ဘယ်သူနဲ့ တွေ့ချင်လို့လဲ ကောင်လေး ”

တွေဝေနေတုန်း ကြားလိုက်ရတဲ့ အသံပိုင်ရှင်ဟာ ထိုနေ့က အိမ်မှာ သောင်းကျန်းသွားတဲ့ အဒေါ်ကြီးပင်။

“ဟို ကျွန်တော်... ”

“အိမ်ထဲ အရင် ၀င်ပါဦး ”

အိမ်ထဲထိ၀င်ပြီး နေရခက်တဲ့ အခြေနေမျိုးကို မလိုချင်တော့တာကြောင့် လည်ချောင်း၀မှာ တစ်စို့နေတဲ့ စကားတွေကို ဦးနှောက်က စာစီဖို့ အမြန် အလုပ်ပေးရတော့သည်။

Taste Like U~Where stories live. Discover now