အပိုင်း-၂

3.1K 61 0
                                    

"ကျွီ............"
"အားးးးးးးးးးး"
"John အရှေ့မှာဘာဖြစ်သွားတာလဲ"
"ကောင်လေးတစ်ယောက်ကိုတိုက်မိသွားပြီထင်တယ်ဘော့စ်"
"မင်းကားကိုဘယ်လိုမောင်းတာလဲ။အခုဆင်းကြည့်စမ်း"
"ဟုတ်ကဲ့ဘော့စ်"
John ဆင်းကြည့်တော့ ရောင်လေးမှာသတိလစ်နေသည်။တကယ်တော့ကားနဲ့ရောင်လေးကမတိုက်မိပါဘူး။ရောင်လေးကနဂိုကအကြောက်လွန်သူဆိုတော့လန့်ပြီးသတိလစ်သွားတာပါ။
"ဘော့စ် ကောင်လေးကသတိလစ်နေပြီ"
"ကျစ် အဲ့ဒါတွေပဲစိတ်ရှုပ်တာ ဘာစောက်သုံးမှမကျဘူး ကားတံခါးဖွင့်ပေး ငါဆင်းကြည့်မယ်"
ကားတံခါးဖွင့်လိုက်တာနဲ့ အနက်ရောင် suit နဲ့ မျက်ခုံးမျက်လုံးကောင်းကောင်းနဲ့ အရပ်အမောင်းကလည်းကျစ်လစ်သန်မာသောသူတစ်ဦးဆင်းလာခဲ့တယ်။သူ့ရဲ့ခန္ဓာကိုယ်အချိုးအစားရော မျက်နှာပုံကပါ အပြစ်ပြောစရာမရှိအောင်ချောမောခန့်ညားသောပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်လည်းဖြစ်တဲ့ စီးပွားရေးလောကမှာဖိတ်ဖိတ်တုန်အောင်ကြောက်ကြရသော SM company ရဲ့ CEO စစ်မင်းအက္ခရာ။ငယ်ငယ်ကတည်းကမိဘတွေရဲ့အရှုပ်အထုပ်တွေကြောင့်အေးတိအေးစက်ဖြစ်လာပြီးတစ်ကိုယ်တည်းသာနေလာသောသူ။အမြဲစည်းကမ်းကြီးပြီးဘယ်အလုပ်မဆိုကြီးကြပ်စီစစ်မှုကောင်းလွန်းတာကြောင့်ငယ်ငယ်ရွယ်ရွယ်နဲ့စီးပွားရေးလောကမှာဘုရင်တစ်ဆူလို့တင်စားရလောက်တဲ့အထိ ကျွမ်းကျင်သောသူ။အရာရာကိုတိကျပြတ်သားလွန်၍သူ့ကိုလာနှောင့်ယှက်ပေးရင်လည်းလုံးဝခွင့်မလွှတ်တတ်ပါ။စီးပွားရေးသမားသာမဟုတ်ဘဲ မာဖီးယားဂိုဏ်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်တာကြောင့် ဘယ်ဥပဒေကမှသူ့ကိုမစိုးမိုးနိုင်။Lion King ဂိုဏ်းဆိုတာ မာဖီးယား‌လောကရဲ့ထိပ်သီးဂိုဏ်းတစ်ခုဖြစ်ပါတယ်။
ကဲ ....စစ်မင်းအက္ခရာအကြောင်းလည်းပြောပြီးပြီဆိုတော့ ဇာတ်လမ်းစကြရအောင်။
အက္ခရာဆင်းသွားတော့ ကားရှေ့မှာခွေခွေလေးသတိလစ်နေတဲ့ကောင်ငယ်လေးကြောင့် တစ်ခါမှမခုန်ဖူးတဲ့သူရဲ့နှလုံးသားလေးဟာ အဆက်မပြတ်ခုန်ပေါက်လာခဲ့တယ်။ဒါ့အပြင်သူ့နှုတ်ခမ်းလေးကလည်းအပြုံးမမည်တဲ့အပြုံးတစ်ခုဖန်ဆင်းရင်း
"John ကားတံခါးသွားဖွင့် ကလေးငယ်ကိုငါပွေ့ခေါ်လာမယ်။"
"ဗျာ"
"ငါပြောတာမကြားဘူးလား John"
"ဟုတ် ဟုတ် ကြားပါတယ်ဘော့စ်"
တံခါးဖွင့်ပြီးတာနဲ့အက္ခရာလည်းရောင်လေးကိုတယုတယပွေ့ချီပြီးကားပေါ်ခေါ်တင်လာခဲ့တယ်။
Johnကတော့ စိတ်ထဲတွင်
"အမလေး ဒီနေ့ဘော့စ်ဆေးစားမှားလာတာလားမသိဘူး။သူ့အသားကိုတောင်အထိမခံတဲ့အထိရွံရှာကြီးတဲ့ဘော့စ်ကဒီကလေးလေးကိုမြင်တာနဲ့ပွေ့ချီလာတယ်။မိုးတွေရွာပြီးမိုးကြိုးတွေပစ်တော့မှာပဲ"
"‌John ............😡😡😡"
"ဗျာ ဗျာ ဘော့စ် ဘာပြောလိုက်တာလဲဗျ"
"မင်း ငါခေါ်နေတာကြာနေပြီ ဘာတွေတွေးနေတာလဲ။အိမ်ကိုမောင်း ဆရာဝန်ကိုဖုန်းဆက်ထား"
"အာ ကျနော်တောင်းပန်ပါတယ်ဘော့စ်"
လို့ပြောပြီး Johnလည်းကားစက်နှိုးပြီး အက္ခရာအိမ်ကိုမောင်းလာခဲ့တော့တယ်။

(ဇာတ်လမ်းထဲမှာ စစ်မင်းအက္ခရာကို အက္ခရာလို့အတိုကောက်လေးသုံးပြီး လရောင်လွှမ်းကိုလည်းရောင်လေးလို့အတိုကောက်သုံးပေးပါ့မယ်နော်)

#Akvi

ကိုယ့်အချစ်က မင်းဆီမှာ (Complete)Where stories live. Discover now