အပိုင်း-၁

5.7K 93 1
                                    

မနက်ခင်းနေရောင်ခြည်နဲ့ကျေးငှက်အသံတွေနဲ့သာယာသောနံနက်ခင်းတစ်ခုတွင်
"ကြီးကြီးရေ....ကြီးကြီး.....ရောင်ရောင်ကျောင်းသွားတော့မယ်"
ဆိုပြီး လှေ‌ကားပေါ်ကနေပြေးဆင်းလာသောချစ်စရာကောင်လေးတစ်ယောက်။ဟူဒီအဖြူရောင်ပွပွလေးနဲ့အောက်က Jean Pant လေးကိုလိုက်ဖက်စွာတွဲဆင်ဝတ်ထား‌ပြီး သူလေးရဲ့ဖြူဖွေးတဲ့အသားအရေနဲ့သေးသွယ်တဲ့ကိုယ်လုံးကိုယ်ပေါက်နဲ့မြင်သူတိုင်းအရုပ်လေးသဖွယ်ထင်မှတ်စေတဲ့လှပမှုမျိုး။ယောက်ျားလေးတစ်ယောက်ကိုလှတယ်လို့မသုံးသင့်ပေမဲ့သူလေးကတော့တကယ့်ကိုမိန်းကလေးတွေထိုင်ငိုရလောက်တဲ့အထိလှတာ။ဟုတ်ပါတယ် သူလေးက လရောင်လွှမ်းပါ။ ရောင်ရောင်ကငယ်စဉ်ကတည်းကမိဘတွေဆုံးသွား၍အမေ့ရဲ့အမကြီးဖြစ်တဲ့ကြီးကြီးဒေါ်ကလျာနဲ့သာကြီးပြင်းခဲ့ရတာပါ။ဒေါ်ကလျာကလည်းတစ်ဦးတည်းသောညီမလေးကမွေးတဲ့တစ်ဦးတည်းသောတူလေးမို့လို့ဖူးဖူးမှုတ်အလိုလိုက်ထားတာပေါ့။အခုလည်းသူမမနက်စာပြင်နေတုန်းသူမကိုတကြော်ကြော်အော်ခေါ်ပြီးဆင်းလာပါပြီ။
"ကဲ.......ချစ်မွှေးလုံးလေးရေ.....ချော်လဲမယ်လေကွယ်။ဖြေးဖြေးဆင်းပါလို့ကြီးကြီးပြောထားတယ်လေ။လာလာ မနက်စာလာစားအုံး"
"ရောင်ရောင်က မနက်ရောက်တာနဲ့ကြီးကြီးကိုအားကြီးတွေ့ချင်လို့ပြေးလာတာပါနော်။ရောင်ရောင်ကကြီးကြီးကိုများရီးအားရီးချစ်လို့လေနော်။ကြီးကြီးကစိတ်မဆိုးရဘူးနော်"
ကဲ...အဲ့ဒါသာကြည့်တော့မကြာသေးခင်ကမှ၁၈နှစ်ပြည့်ထားပါတယ်လို့ပြောရင်ဘယ်သူမှယုံကြမှာမဟုတ်ဘူးရှင်။အမြဲကလေးစိတ်လေးနဲ့ဘာမှမသိနားမလည်သေးဘူး။သူသိတာ သူလိုတာပူဆာမယ်ချွဲမယ် စားမယ် အိပ်မယ် ဒါပဲသိတဲ့ကလေးလေး။ခုလည်းချစ်စရာကောင်းအောင်ချွဲနေပြန်ပြီ။
"ကဲပါတော် ‌ကြီးကြီးကသားကိုဘယ်တုန်းကစိတ်ဆိုးဖူးလို့လဲ။ဒီမှာသားကြိုက်တဲ့နန်းကြီးသုပ်လုပ်ပေးထားတယ်။ပြီးတော့နွားနို့ပူပူလေးလည်းသောက်ရမယ်နော်သား။"
"ဟုတ်ကဲ့ကြီးကြီး"
စား၍သောက်၍ပြီးသော်
"ကြီးကြီး ရောင်ရောင်ကျောင်းသွားတော့မယ်။ မုန့်ဖိုးပေး။"
‌"ရော့ရော့ သားလေး။ကျောင်းမှာမတည့်စာတွေမဝယ်စားရဘူးနော်။"
"ဟုတ်ကဲ့ပါကြီးကြီးရဲ့။အာ့ကြောင့်ကြီးကြီးကိုပဲများကြီးချစ်နေရတာ။အူးမွ...😘😘။ရောင်ရောင်သွားပြီ တာ့တာ"
ဆိုပြီး ထွက်သွားလေရဲ့။
ရောင်ရောင်တစ်ယောက်ဒီနေ့မှကျောင်းအချိန်မှီမရောက်မှာစိုးလို့ကျောင်းကိုအမြန်သွားလေရဲ့။လမ်းကွေ့တစ်ခုအရောက်
"ကျွီ............"
"အားးးးးးးးးးးးးးးးးးး"

# Akvi

ကိုယ့်အချစ်က မင်းဆီမှာ (Complete)Where stories live. Discover now