အပိုင်း-၁၃

1.7K 29 2
                                    

ကိုယ့်အချစ်က မင်းဆီမှာ (အပိုင်း-၁၃)

အက္ခရာရေချိုးပြီးထွက်လာတော့ ရောင်လေးကကုတင်ပေါ်ထိုင်နေတာကိုတွေ့လိုက်တော့
"ဟင် ကလေး နိုးသွားပြီလား"
"ဟုတ်ကဲ့ဒယ်ဒီ"
"ခနလေးနော် ဒယ်ဒီအဝတ်လဲအုံးမယ် ပြီးရင်ထမင်းစားကြမယ်နော်"
"ဟုတ်ကဲ့"
အက္ခရာအဝတ်လဲနေတုန်းရောင်လေးကနောက်ကနေရုတ်တရက်ကြီးလက်ဖက်လိုက်ပြီး
"ဒယ်ဒီ🥺🥺🥺"
"ဗျာ ပြောပါဗျ"
"တစ်ချိန်ကျရောင်‌ေရာင်ကိုထားသွားမှာလားဟင်"
"ကလေး ဒယ်ဒီ့ကိုဘယ်လိုပြောလိုက်တာလဲ ဒယ်ဒီကဘာလို့ကလေးကိုထားခဲ့ရမှာလဲ"
"အီးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးအဟင့်အဟင့်😭😭😭😭 ခုနကဦးလေးကြီးကဒယ်ဒီ့ကိုမိန်းမပေးစားဖို့ပြောနေတာ ရောင်ရောင်ကြားလိုက်တယ် ရောင်ရောင်ဒယ်ဒီနဲ့မခွဲနိုင်ဘူး ဒယ်ဒီ‌မိန်းမမယူရဘူးနော်😭😭😭"
"ကလေး ကလေးဒယ်ဒီ့ကိုကြည့် ဒယ်ဒီ့ကိုမယုံဘူးလား အဲ့ဒီအရေးမပါတဲ့စကားတွေကိုပဲယုံမှာလား"
"ရောင်ရောင် အဟင့် ဒယ်ဒီ့ကို အဟင့် ယုံတယ် ဒါပေမဲ့လေ ရောင်ရောင်ကဒယ်ဒီ့ကိုလေ မျိုးဆက်မမွေးပေးနိုင်ဘူး 😭😭😭"
"မလိုဘူးကလေး ဒယ်ဒီ့အတွက်မျိုးဆက်တွေမလိုဘူး ဒယ်ဒီ့မှာဟောဒီကဒယ်ဒီနှလုံးသားလေးရှိနေရင်ရပြီ ပြီးတော့ဒယ်ဒီကကလေးကိုအရမ်းချစ်လို့အပိုင်သိမ်းပြီးတောင်လက်ထပ်ထားတာဘယ်ကမိန်းမယူရမှာတုန်း မငိုနဲ့နော် တိတ်တိတ်"
"ဟုတ်ကဲ့ဒယ်ဒီ နောက်ဆိုရောင်ရောင်ဒယ်ဒီ့ကိုပဲယုံမယ်နော် ရောင်ရောင်ဗိုက်ဆာပြီ"
"ဟုတ်တာပေါ့ ကလေးလေးကငိုရတာမောတော့ဗိုက်ဆာမှာပေါ့ လာလာထမင်းသွားစားမယ်နော်"
အက္ခရာတစ်ယောက်စိတ်ထဲတွင်တော့
"ကျုပ်အပိုင်ကိုလာထိရင်တော့အဖေဖြစ်နေလည်းအလွတ်မပေးဘူး"
ထမင်းစားခန်းထဲတွင်
"ကလေး များများစားနော် ဒယ်ဒီ ဒီနေ့ကလေးအကြိုက် ကြက်ပေါင်အချိုကြော် ကင်းမွန်အစာသွပ် ငါးဖယ်လုံးဟင်းရယ် ပြီးတော့ပုစွန်တုံယမ်းအချိုချက်လေးချက်ပေးထားတယ်နော် အားရှိအောင်များများစားနော်"
"ဟုတ်ကဲ့ဒယ်ဒီ ဒယ်ဒီလည်းများများစားနော်"
"ဟုတ်ပါပြီဗျ အော် ပြီးတော့ ကလေးအတွက် ဒယ်ဒီ ကြက်ဥပူတင်းနဲ့ဒိန်ချဉ်နဲ့ဝယ်ထားသေးတယ် ထမင်းစားပြီးရင်ကျွေးမယ်နော် ကလေးကြိုက်တယ်မလား"
"ဟုတ် ကြိုက်တယ်ဒယ်ဒီ"
"ကဲကဲ စား"
ထမင်းစားဝိုင်းတွင်တော့ကဲကဲသဲသဲဒယ်ဒီကြီးတစ်ယောက်ရောင်လေးကို ဟိုဟာထည့်ပေး ဒီဟာထည့်ပေး ကြက်သားဆိုလည်းအရိုးထုတ်ပေးနဲ့အလုပ်ကိုရှုပ်နေတာပဲ။ပြီးတော့ရောင်လေးကလည်းသူ့ဒယ်ဒီကသူ့ကိုလုပ်ပေးနေရတော့ထမင်းမစားရမှာစိုးလို့သူ့ဒယ်ဒီကိုခွံ့ကျွေးလိုင်သူပါစားလိုက်နဲ့ဒီညရဲ့ထမင်းဝိုင်းလေးကတော့ဟင်းအရသာထဲကိူအချစ်ရဲ့အရသာပါပေါင်းစပ်လိုက်တော့ပိုစားကောင်းနေတော့တယ်။စားပြီးသောက်ပြီးတော့ကလေးအကြိုက်ကြက်ဥပူတင်းနဲ့ဒိန်ချဉ်နဲ့ကျွေးပြီးနှစ်ယောက်သားtv ကြည့်နေတော့တယ်။သူကလည်းအသီးလေးစားရင်းပေါ့။တဖြည်းဖြည်းညနက်လာတော့ကလေးခေါင်းလေးကသူ့ပုခုံးပေါ်စိုက်ကျလာတော့တယ်။အက္ခရာလည်းပြုံးလိုက်ပြီး ကလေးငယ်ကိုချီကာအိပ်ရာဝင်လိုက်တော့တယ်။
"Good night ပါကလေးလေး အိပ်မက်ထဲမှာဒယ်ဒီ့ကိုထည့်မက်နော် 😘😘😘"
ဒီနေ့မနက်တော့ရောင်လေးကသူ့သူငယ်ချင်းလာလည်မှာဆို၍အက္ခရာနဲ့အတူကုမ္ပဏီကိုမလိုက်တော့ပဲအိမ်မှာပဲနေခဲ့တော့တယ်။အက္ခရာကတော့သူ့ကလေးမရှ်ိပဲသွားရမှာဆိုတော့မျက်နှာကြီးကအီးမှန်းထားသလိုဖြစ်နေတာပေါ့။
"ကလင် ကလင်"
"ဟင် ခေတ်"
"အော် ကိုသော်"
"ခေတ်ကဒီကိုဘာလာလုပ်တာလဲ"
"ခေတ်သူငယ်ချင်းဆီလာတာလေ"
"ခေတ်သူငယ်ချင်းက ဘယ်သူလဲ"
"လရောင်လွှမ်းလေကိုသော် ဒါ လရောင်အိမ်ပဲမလား"
အမယ်လေး ငါ့ရဲ့ကံကောင်းချက်ကတော့နော် ခေတ်လေးကသခင်လေးရဲ့သူငယ်ချင်းတဲ့ဟေ့။
"အော် ဟုတ်တယ် အဲ့ဆို သခင်လေးပြောတဲ့သူငယ်ချင်းလာမယ်ဆိုတာ ခေတ်ပေါ့ အိမ်ထဲဝင်လေခေတ်"
"ဟုတ်ကဲ့ ကိုသော်"
"သခင်လေးရေ ဒီမှာသခင်လေးသူငယ်ချင်းရောက်လာပါတယ်ဗျ"
"ဟာ ခေတ် လာလာ ငါကနင်မလာသေးလို့မျှော်နေတာ နင်လာမယ်ဆိုလို့ငါက ဒယ်ဒီ့ဆီကိုတောင်လိုက်မသွားဘူး"
"ဟုတ်ပါပြီလရောင်ရေ လမ်းမှာကားတွေပိတ်နေတော့ ငါနည်းနည်းနောက်ကျသွားတယ်"
"ခေတ် နင်ဘာနဲ့လာတာလဲ"
"ငါလား အိမ်ကဒရိုင်ဘာလိုက်ပို့တာလေ အပြန်တော့ဖုန်းဆက်ရအုံးမှာ"
"မဆက်နဲ့တော့ အကိုJohn လိုက်ပို့ပေးလိမ့်မယ် အကိုJohn အားတယ်မလား"
"ဟုတ် အားပါတယ်သခင်လေး"
"ဟုတ်ပြီဗျ ကဲ နေ့လည်စာစားပြီးမှပြန်နော် ခေတ် အခုတော့ငါ့အိမ်မှာအုန်းနို့ခေါက်ဆွဲချက်ထားတယ် သွားစားရအောင်"
"အေအေ ငါလည်းဗိုက်ဆာနေတာနဲ့အတော်ပဲ"
ဒီလိုနဲ့ရောင်လေးနဲ့ခေတ်လည်း အိမ်မှာမုန့်စားလိုက်စကားပြောလိုက် ရုပ်ရှင်ကြည့်လိုက်နဲ့ဇိမ်ကျနေတော့တယ်။

#Akvi

ကိုယ့်အချစ်က မင်းဆီမှာ (Complete)Where stories live. Discover now