အပိုင်း-၈

2.1K 35 0
                                    

ကိုယ့်အချစ်က မင်းဆီမှာ (အပိုင်း-၈)

အက္ခရာနဲ့ရောင်လေးအိပ်ပျော်နေတာ ညနေ၅နာရီတောင်ထိုးနေပြီ။ ခနနေတော့အက္ခရာလည်းနိုးလာခဲ့ပြီး
"ကလေး ထတော့လေ ညနေစောင်းနေပြီ ထပ်အိပ်ရင်ဖျားလိမ့်မယ် ကလေး ထတော့နော်"
"အင်း ဟင်း ဟုတ်ကဲ့ဒယ်ဒီ"
"အနာရော သက်သာလားကလေး ထိုင်လို့ရလား"
"ဟုတ် သက်သာနေပါပြီ"
"ဟုတ်ပြီ ဟုတ်ပြီ အဲ့ဆို ရေမိုးချိုးတော့နော် ပြီးရင်ညစာစားရအောင်"
"ဟုတ် ဒယ်ဒီ"
"လာ ရေချိုးခန်းထဲပို့ပေးမယ်"
အက္ခရာလည်းရောင်လေးကိုပွေ့ချီပြီး bathrobe ပေါ် ချပေးလိုက်တယ်။
"အကြာကြီးမချိုးရဘူးနော်ကလေး အအေးပတ်မယ် "
"ဟုတ်ကဲ့"
ရောင်လေးလည်းရေချိုးပြီူထွက်လာတော့အက္ခရာကိုယ်တိုင်အဝတ်အစားလဲပေး ဆံပင်ရေသုတ်ပေးနဲ့အလုပ်ကိုရှုပ်နေတာပဲကွယ်။လုပ်ပေးပြီးတော့သူကိုယ်တိုင်လည်းရေဝင်ချိုးလိုက်တယ်။ရောင်လေးလည်းအက္ခရာဝတ်ဖို့အဝတ်စားထုတ်ပေးပြီးကုတင်ပေါ်မှာဂိမ်းဆော့ရင်းအက္ခရာကိုစောင့်နေလိုက်တယ်။အက္ခရာရေချိုးပြီးထွက်လာတော့ရောင်လေးထုတ်ပေးထားတဲ့အဝတ်ကိုဝတ်ပြီး နှစ်ယောက်သားညစာစားကြတော့တယ်။
ဒီလိုနဲ့အက္ခရာနဲ့ရောင်လေးနဲ့လက်ထပ်ထားတာတစ်လတောင်ပြည့်ခဲ့ပြီ။အက္ခရာကရောင်လေးကိုဘယ်မှမလွှတ်သလို သူမပါဘဲအိမ်ပြင်တောင်ထွက်ခွင့်မပေး။ရောင်လေးကလည်းကျောင်းပျက်တာများဘာတော့ကျောင်းပြန်လေးကလည်းကျောင်းပျက်တာများဘာတော့ကျောင်းပြန်တက်ချင်နေတာပေါ့။ဒါပေမဲ့သူမပြောရဲ။သူဒယ်ဒီဒေါသထွက်တာကြောက်လို့တဲ့။ဒါပေမဲ့ဒီညတော့ပြောကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ဒီလိုနဲ့ညစာစားကြတဲ့အချိန်ဝယ်
"ကလေး ဒယ်ဒီကိုတစ်ခုခုပြောချင်နေတာမလား ပြောလေ"
"ဟို ဟို ဟိုလေ ရောင်ရောင်ကျောင်းပြန်တက်ချင်လို့"
"အော် ဘာများလဲလို့ကလေးရယ် ကျောင်းကိစ္စကဒယ်ဒီစီစဉ်ထားပြီးပါပြီ။သန်ဘက်ခါဆိုလိုက်ပို့ဖို့လုပ်ထားပြီးသားပါ။"
"တကယ်လားဒယ်ဒီ ရေးးးးးးးးးးးးးးး ပျော်လိုက်တာ"
"တကယ်ပေါ့ ဒယ်ဒီက ကလေးကိုညာပါ့မလား ဒါမဲ့ကျောင်းပြန်တက်ချင်ရင်ဒယ်ဒီပြောတာနားထောင်ရမယ်"
"ဟုတ်ကဲ့ဒယ်ဒီ ရောင်ရောင်နားထောင်မယ်နော်"
"ဟုတ်ပါပြီဗျာ ကဲကဲ ထမင်းစားတော့ ဒီနေ့ကလေးကြိုက်တဲ့ ကြက်ပေါင်းနဲ့ပုစွန်ဟင်းချက်ခိုင်းထားတယ်"
"ဟုတ်ကဲ့"
စားပြီးသောက်ပြီးတော့ အက္ခရာလည်းကုမ္ပဏီအလုပ်တွေလုပ်နေတော့တယ်။ရောင်ရောင်ကတော့ကုတင်ပေါ်လှဲအိပ်ပြီးဇာတ်ကားကြည့်နေတာပေါ့။
"ကလေးမနက်ဖြန် ဒယ်ဒီနဲ့ကုမ္ပဏီကိုလိုက်ခဲ့ရမယ်နော်"
"ဟင် ဘာလုပ်ဖို့လဲဒယ်ဒီ"
"ကလေးကဒယ်ဒီ့အပိုင်ဆိုတာပြချင်လို့"
ထိုအခါရောင်ရောင်လည်းရှက်ပြုံးလေးပြုံးရင်း
"ဟာ ဒယ်ဒီကလည်း"
"ခေါ်တုန်းလိုက်မှာလား အတင်းခေါ်သွားရမလား"
"လိုက်မှာပေါ့ဗျ ခင်ဗျားကြီးကလေ စိတ်ကြီးပဲ ဟွန့်"
"ဟေ့ ကလေး အဲ့ထောင်နေတဲ့နှုတ်ခမ်းလေးက ဒယ်ဒီ့ကိုမြူဆွယ်နေသလိုပဲနော် စိတ်မထိန်းနိုင်ရင်ကလေးပဲငိုရမှာ"
"ဘယ်မှာမြူဆွယ်လို့လဲ သူ့ဘာသာအချိန်တိုင်းနှာဘူးထနေပြီးတော့"
"ကိုယ်နှာဘူးထတာ မင်းလေးတစ်ယောက်တည်းပါပဲကွာ"
"ဟွန့် ယုံရမှာလားပြော"
"ဘာလဲ မယုံဘူးလား သက်သေပြရမလား"
"ယုံတယ် ယုံတယ် သက်သေမပြနဲ့တော့ ဒယ်ဒီကသက်သေပြချင်တာနည်းနည်း နှာဘူးထတာကများများ"
အက္ခရာကတော့ဘာမှမပြောတော့ပဲရယ်နေလိုက်တယ်။ချစ်တယ်ကလေးငယ်ရယ် မင်းနဲ့ခုလိုလေးတစ်သက်လုံးနေသွားချင်တယ်။မင်းပါးစပ်ကချစ်တယ်မပြောသေးပေမဲ့ မင်းနှလုံးသားကိုတော့ညာလို့မရဘူးမလား။စိတ်ချပါ မင်းပါးစပ်ကချစ်တယ်လို့ဝန်ခံလာအောင် ဒယ်ဒီကအစွမ်းကုန်ကြိုးစားပြပါ့မယ်။သူလည်းစဉ်းစားပြီးပြုံးနေတုန်း ကလေးကလည်းtv ပြန်ကြည့်နေပြီ။သူလည်းအလုပ်တွေကိုလက်စသတ်နေတော့တယ်။
ပြီးတော့ ကုတင်ပေါ်တက်လာပြီး 🌚🌚🌚

#Akvi

ကိုယ့်အချစ်က မင်းဆီမှာ (Complete)Where stories live. Discover now