အပိုင်း-၁၅

1.7K 30 1
                                    

ကိုယ့်အချစ်က မင်းဆီမှာ (အပိုင်း-၁၅)

အက္ခရာလည်းစိတ်မကြည်ဖြစ်ပြီး အိမ်ကိုသာပြန်လာခဲ့တော့တယ်။အိမ်ကိုပြန်ရောက်တော့
"ဒေါ်ကြီး ကလေးငယ်ရော"
"အပေါ်ထပ်ခန်းမှာပါ ဘော့စ်"
"ကလေးထမင်းများများစားရဲ့လား"
"ဟုတ် စားပါတယ်ဘော့စ်"
"အင်း ဒေါ်ကြီးကကလေးလိုအပ်တာတွေအားလုံးလုပ်ပေးပါ ကလေးမျက်နှာတစ်ချက်ညှိုးတာဘာညာမမြင်ချင်ဘူး"
"ဟုတ်ကဲ့ပါဘော့စ်"
အက္ခရာလည်းပြောပြီးအပေါ်ထပ်ခန်းကိုတက်လာပြီးအခန်းတံခါးဖွင့်လိုက်တော့ တွေ့လိုက်ရပါပြီ။သူ့ရဲ့နှလုံးသားလေး ကုတင်ပေါ်ကွေးကွေးလေးအိပ်ပျော်နေတာ။ခုနကထွက်လာတဲ့ဒေါသတွေတောင်ကလေးငယ်မျက်နှာမြင်လိုက်တော့ ဘယ်ကိုပျောက်လို့ပျောက်သွားမှန်းမသိ။"မင်းသိလား ကလေးငယ် မင်းကဒယ်ဒီ့ကို အဲ့လောက်ထိပြုစားနိုင်တယ်ဆိုတာ" အက္ခရာလည်းကလေးလေးကိုနမ်းလိုက်ပြီး ကလေးငယ်ဘေးမှာဝင်အိပ်လိုက်တယ်။ရောင်လေးကလည်းသူအိမ်လိုက်တာနဲ့ရင်ခွင်ထဲတိုးဝင်လာတယ်။ကြည့်ရတာ သူ့ကိုယ်သင်းနံ့ကိုသိနေတယ်ထင်တယ်။သူတို့နှစ်ယောက်အိပ်ပျော်သွားတာညနေစောင်းထိပဲ။ရောင်လေးနိုးလာတော့သူ့နံဘေးကဒယ်ဒီ့ကိုမြင်တော့
"ဟင် ဒယ်ဒီကတကယ်ကြီးလာအိပ်နေတာလား ငါကအိပ်မက်ပဲထင်နေတာ ဒယ်ဒီ့ရင်ခွင်ကြီးကနွေးလိုက်တာ ဟီးဟီး"
"ဟိတ် ကလေး တစ်ယောက်တည်းဘာတွေတွေးနေတာလံ"
"ဒယ်ဒီ့အကြောင်းတွေးနေတာပေါ့လို့"
"ဒယ်ဒီအကြောင်းဆိုတော့ဘာများလဲကလေးရဲ့"
"ဒယ်ဒီ လာအိပ်နေတာတကယ်လားပေါ့ အိပ်မက်လို့ထင်နေတာ"
"အိပ်မက်မဟုတ်တာသက်သေပြရမလား ကလေးလေး"
"မပြနဲ့ ရတယ်ရတယ် ရောင်ရောင်ဗိုက်ဆာပြီ"
"ကဲ ဘာစားချင်လဲ ခင်ဗျား"
"ဟီးဟီး ရောင်ရောင်စားချင်တာအကုန်ကျွေးမှာလား"
"ကျွေးမှာပေါ့ဗျာ"
"ဟီးဟီး မာလာရှမ်းကော ဟော့ပေါ့ ကြက်ကင် ကိုလာ ရေခဲမုန့် ပီဇာ ဘာဂါ ချိစ့်ကိတ် အာ့ဒါတွေစားချင်တယ် ပြီးတော့ဒယ်ဒီနဲ့အတူဆိုင်မှာသွားစားချင်တယ်"
"ဟုတ်ပါပြီ သခင်လေးရဲ့အမိန့်တော်အတိုင်းပါဗျာ ကဲအပြင်ထွက်မယ်ဆိုရေသွားချိုး"
"ဟုတ်ကဲ့ဒယ်ဒီ"
အက္ခရာနဲ့ရောင်လေးလည်းရေမိုးချိုးအဝတ်စားလဲပြီးအပြင်ကိုထွက်ခဲ့ကြတယ်။ဒီလိုနဲ့သူတို့လည်းမှာစရာရှိတာမှာပြီးစားသောက်နေကြစဉ်
"ကိုစစ်"
"မင်း ဘာကိစ္စရှိလို့လဲ ဘာလဲစပွန်ဆာဘဲကြီးနဲ့လာတာလား"
ယုဝါလှိုင်လည်းအနာပေါ်တုတ်ကျသလိုဖြစ်ကာ ဒါပေမဲ့လည်းပြန်ထိန်းရင်းပြုံးပြီး
"ကိုစစ်ကလည်း နောက်နေပြန်ပြီ အဟင်း ယုကအလုပ်ကိစ္စနဲ့ချိန်းထားလို့လာတာပါ အခုကပြန်တော့မလို့ကို ကိုစစ်ကိုမြင်လို့ဝင်လာတာ ယုရောထိုင်လို့ရမလား"
စကားတောင်မဆုံးသေးဝင်ထိုင်လိုက်သောယုဝါလှိုင်။အက္ခရာကတော့စိတ်အပျက်ကြီးပျက်နေပြီ။ဒါပေမဲ့လည်းသူ့ဘေးကအစားမပျက်သောကလေးလေးကိုဂရုစိုက်လည်းမပျက်ခဲ့ပါ။
"သူလေးကကိုစစ်ညီလေးလား ချစ်စရာလေးနော်"
"ရောင်ရောင်ကဒယ်ဒီ့ရဲ့ညီလေးမဟုတ်ဘူးအန်တီ ဒယ်ဒီကိုယ်တိုင်လိုချင်လွန်းလို့အပိုင်သိမ်းထားတဲ့ ဒယ်ဒီ့ရဲ့တစ်ဦးတည်းသောအသည်းနှလုံးလင်ယောက်ျားပါ"
"ဘာ.....မင်း"
ယုဝါလှိုင်လည်း ဒေါသထွက်သွားကာရိုက်ဖို့ရွယ်လိုက်တော့သူ့လက်ကိုဖမ်းဆုပ်လိုက်ပြီးသတ်ပစ်တော့မဲ့ရုပ်နဲ့ကြည့်နေတဲ့အက္ခရာ
"မင်းလိုစောက်ဆင့်နဲ့ငါ့နှလုံးသားလေးကိုထိဖို့မပြောနဲ့ မျက်စောင်းနဲ့တောင်ရွယ်လို့မရဘူးရှင်းလားယုဝါလှိုင် မဟုတ်ရင်မင်းကိုသတ်ပစ်ဖို့ဝန်မလေးဘူး"
"ကိုစစ်ကအဲ့ကောင်အတွက်နဲ့ယုကိုသိက္ခာချနေတာများနေပြီ"
"ဟက် သိက္ခာဟုတ်လား မင်းမှာသိက္ခာရှိသေးတာလား ငါမသိလို့မေးပါရစေအုံး မင်းသာသိက္ခာရှိရင်ခုလိုမျိုးအရှက်မရှိတဲ့အလုပ်တွေလုပ်နေပါ့မလား တကယ်ကသိက္ခာဆိုတာမင်းပါးစပ်ကမထွက်သင့်ဘူး"
"ဘာ ရှင် ရှင်လွန်လာပြီ ကိုစစ် ကျမသည်းခံတိုင်း ရှင်ရောင့်တက်မလာနဲ့"
"မင်းကပဲပြောရတယ်ရှိသေး မင်းသာသိက္ခာရှိတဲ့လူဆို အခုလိုသူများလင်လင်တွေချစ်ကြည်နူးနေတဲ့အချိန်အလိုက်တသိနဲ့ထွက်သွားပေးသင့်လား"
"ဘာလို့ထွက်သွားပေးရမှာလဲ ကိုစစ်နဲ့ယုနဲ့ကတစ်ချိန်ကျလက်ထပ်ရမှာလေ အဲ့ချိန်ကျဘယ်သူထွက်သွားရမလဲစောင့်ကြည့်ကြတာပေါ့ အဟင်း"
"ဖြောင်းးးးးးးးး"
"ရှင် ကျမကိုရိုက်တယ်"
" ခွေးစကားမပြောနဲ့အပျက်မ မင်းအသိဉာဏ်ရှိဖို့ချီးသွားစားလိုက်အုံး"
"ရှင် ကျမကိုပြောခဲ့တာတွေအတွက်နောင်တရစေရမယ် မှတ်ထားလိုက် တောက်စ်"
ယုဝါလှိုင်လည်းလူရှေ့သူရှေ့ပါးရိုက်ခံလိုက်ရတော့အရှက်ကြီးရှက်သွားကာကြိမ်းဝါးပြီး ဆိုင်ထဲကထွက်သွားလေတော့တယ်။

#Akvi

ကိုယ့်အချစ်က မင်းဆီမှာ (Complete)Where stories live. Discover now