အပိုင်း-၁၄

1.6K 29 1
                                    

ကိုယ့်အချစ်က မင်းဆီမှာ (အပိုင်း-၁၄)

ကုမ္ပဏီတွင်တော့အက္ခရာတစ်ယောက်ပျင်းကြောထနေတော့တယ်။ခါတိုင်းဆိုသူ့ကလေးပါလာနေကျဆိုတော့ စကားပြောလိုက်မုန့်စားလိုက် ချစ်ကြည်နူးတစ်တီတူးလိုက်နဲ့အဆင်ကိုပြေနေတာပေါ့။ဒီကနေ့မှာတော့အချိန်တွေပဲကြာနေသလိုခံစားနေရတယ်။အမြန်အိမ်ကိုပြန်ချင်ပြီးကလေးကိုရင်ခွင်ထဲသွင်းပြီးအနမ်းတွေတဝကြီးစွန့်ကြဲပေးချင်မိသည်။
မင်းကြောင့်ဒယ်ဒီလည်းဆေးမမှီတော့ဘူးကလေးငယ်ရယ်။ထိုစဉ်
"ဒေါက် ဒေါက်"
"ဝင်ခဲ့"
"ကိုစစ်"
"ယုဝါလှိုင်"
အက္ခရာတော့ပါးစပ်ကလည်းရေရွတ်ရင်းအတော်စိတ်ပျက်သွားခဲ့တယ်။ထိုမိန်းကလေးကယောက်ျားလေး‌တိုင်းကိုဆွဲဆောင်နိုင်တဲ့ရုပ်ရည်နဲ့ခန္ဓာကိုယ်အချိုးအစားရှိပေမဲ့အက္ခရာအတွက်တော့မဟုတ်ပါ။အက္ခရာမျက်လုံးထဲမှာတော့အခုလိုလော်လီပေါ်လီတွေဝတ်လာတာကိုမြင်ရတာအတော်စိတ်ပျက်မိတယ်။ဒါ့အပြင်သူ့စိတ်ထဲ၌လည်း"အရှက်မရှိတဲ့မိန်းမပျက်မ"လို့တွေးလိုက်မိတယ်။ဒါကိုမသိတဲ့ယုဝါလှိုင်ကတော့အက္ခရာသူ့အလှမှာနစ်မြောနေပြီဆိုပြီးကြိတ်‌တွေဝမ်းသာနေတာပေါ့။ပြီးတာနဲ့ရင်ပြတ်အကျီလေးကိုအောက်နည်းနည်းဆွဲချလိုက်ပြီး
"ကိုစစ် ယုလာတာကိုအံ့ဩနေတာလား"
"အင်း"
"ဝမ်းရောမသာဘူးလားကိုစစ်"
"ငါကမင်းလာတာဘာကိစ္စဝမ်းသာရမှာလဲ ပြီးတော့မင်းကဘာကိစ္စရှိလို့လာတာလဲ"
"ကိုစစ်မေ့နေပြီလား ကိုစစ်အဖေပြောထားတယ်လေ ယုနဲ့လူကြီးချင်းသဘောတူထားတဲ့မဂ်လာကိစ္စလေ အဲ့ဒါလာဆွေးနွေးတာ ကိုစစ်ဘယ်လိုလုပ်ချင်လဲဟင်"
"ထွီးးးး ရွံစရာကောင်းလိုက်တာ နေပါအုံး ငါကမင်းကိုလက်ထပ်ပါမယ်လို့ဘယ်တုန်းကပြောလိုက်တာလဲ"
"ကိုစစ်ရယ် အခုမှတော့မူမနေပါနဲ့ ကိုစစ်နဲ့ယုတို့ကတစ်ချိန်ကလိုက်ဖက်တဲ့စုံတွဲဖြစ်လာမယ်ဆိုတာ ယုအစကတည်းကတွေးမိပြီးသားပါ အခုတော့အချိန်ကျလာပြီလေနော်"
"ခွေးပါးစပ်ကနတ်စကားထွက်တယ်ဆိုတာ ဒါကိုပြောတာနေမှာ"
"ကိုစစ် ရှင် ရှင် ယုကိုခွေးနဲ့နှိုင်းတာလား"
"မင်းကိုခွေးနဲ့နှိုင်းဖို့ခွေးတွေကိုတောင်သနားတယ် မင်းကခွေးထက်တောင်အဆင့်နိမ့်လို့"
"ဒီမှာကိုစစ် ကျမကရှင်နဲ့လက်ထပ်ရမဲ့သူနော် ရှင်အဲ့လိုပြောစရာလား"
"ငါပြောနေတာ မင်းနဲ့လက်ထပ်ပါမယ်လို့ငါပြောဖူးလား နေပါအုံး ငါ့မှာကာမပိုင်ရှိတာမသိဘူးလား မင်းချူစားဖို့ယောက်ျားအရမ်းရှားနေလား ကာမပိုင်ရှိတဲ့လူကိုလာထိနေရအောင် မင်းတို့လိုအရှက်မရှိချူစားနေတဲ့ကောင်မတွေကြောင့် သူများအိမ်ထောင်ရေးတွေကွဲ သူများမိသားစုရဲ့စည်းစိမ်တွေကုန်နေရတာ သိလား အေ မင်းတို့ရဲ့ဇာတ်လမ်းထဲနွားဖြစ်ချင်တဲ့ကောင်ကတော့ဒါတွေဘယ်သိမလဲ ငါကတော့ရှင်းရှင်းပဲ ငါ့ကလေးကငါ့ဘဝကြီးပဲ ဘယ်သူမှဝင်လာလို့မရဘူး"
"နေပါအုံး ယောက်ျားတစ်ယောက်ကရှင့်ကိုဘာများသာယာမှုပေးနိုင်မှာလဲ ပြီးတော့အဲ့ကောင်နဲ့ရှင်ကမိသားစုတစ်ခုတည်ထောင်နိုင်မယ်လို့များထင်နေလား ကျမလိုမိန်းကလေးတစ်ယောက်ကပဲရှင့်ကိုအပြည့်အဝသာယာမှုပေးပြီးရှင့်အတွက်မျိုးဆက်ယူပေးနိုင်မှာလေ ဟင်းဟင်း"
"ငါ့အတွက်အပျက်မကိုယူရမှာထက် သေသွားတာပဲကောင်းအုံးမယ် ဟက် မင်းကသာယာမှုဆိုတာကုတင်ပေါ်ကကိစ္စကိုပဲတွေးနေတာထင် ငါ့ရဲ့သာယာမှုကငါ့ကလေးရှိနေရင်တောင်ပြီးနေပြီ မင်းလိုအပျက်မကိုတော့နွားဖြစ်ချင်တဲ့ကောင်တွေယူလိမ့်မယ် ဟက် တန်ရာတန်ရာပေါ့ကွာယုဝါလှိုင်"
ယုဝါလှိုင်တစ်ယောက်အက္ခရာပျစ်ပျစ်နှစ်နှစ်ပြောနေသော်လည်းလက်မလျှော့နိုင်သေးပါ။သူကိုစစ်ကိုအရင်ကတည်းကချစ်ခဲ့တာလေ။ဆိုရှယ်မီဒီယာတွေမှာတက်လာတဲ့ကိုစစ်ရဲ့ပုံကိုမြင်ပြီးစွဲလမ်းခဲ့ရတာ။ဒါကြောင့်လည်းကိုစစ်ရဲ့အဖေဦးကျော်ဝဏ္ဏကိုအပိုင်ချုပ်ပြီး ကိုစစ်ကိုသူမနဲ့လက်ထပ်ဖို့တွန်းအားပေးခဲ့တာပေါ့။သူမအစီအစဉ်ဆွဲနေတုန်းမှာပဲ ကိုစစ်ကကောင်လေးတစ်ယောက်နဲ့လက်ထပ်သွားခဲ့တယ်။ဒါမဲ့သူမလက်မလျှော့ပါဘူး။တစ်ချိန်ကျကိုစစ်ကသူမအပိုင်ပဲဖြစ်လာမှာလေ အဟက်။
သူမ‌တွေးနေတုန်းမှာပဲ
"မင်းသွားလို့ရပြီ ငါ့ရှေ့ကိုဘယ်တော့မှမပေါ်လာနဲ့"
"ဟက် ကိုစစ်ကယုအပိုင်ပဲဖြစ်လာမှာပါ စောင့်ကြည့်နေလိုက် ယုသွားပြီနော်ကိုစစ် နောက်မှထပ်ဆုံကြတာပေါ့" လို့ပြောပြီး ထွက်လာခဲ့တယ်။
အက္ခရာကလည်း ဒေါသအကြီးအကျယ်ထွက်ကာ
"မင်းတို့ နောက်ခါငါ့ကလေးကလွဲပြီး ငါ့ရုံးခန်းထဲကိုဘယ်သူ့ကိုမှမလွှတ်လိုက်နဲ့ ငါ့ရုံးခန်းကျက်သရေယုတ်တယ် ကြားကြလား"
"ဟုတ် ကြားပါတယ်ဘော့စ်"

#Akvi

ကိုယ့်အချစ်က မင်းဆီမှာ (Complete)Where stories live. Discover now