အခန်း (၅)

2.7K 289 27
                                    

ဒီနေ့မနက် ခပ်စောစောပင် မာယာ ကျောင်းသို့ရောက်လာခဲ့သည်။ မနေ့က ညို့ကိုသူမ သန်လျင်တံတားအဆင်းအထိ လိုက်ပို့ပေးခဲ့ရသေးသည်။ အိမ်ထိလိုက်ပို့မည်ပြောသော်လည်း ညိုက လက်မခံ။ တံတားအဆင်း၌ဆင်းကာ လိုင်းကားစီးသွားမည်ဟုပြောသည်။ ယခုတော့ အဆောင်အောက်၌ ကားရပ်ရပ်ချင်းပင် ညို့ကိုသူမ တွေ့လိုက်ရပါသည်။ မည်မျှကံကောင်းလိုက်သည့် မနက်ခင်းလဲ။

"ညို"

"အို မာယာ အစောကြီးပါလား ဘာလဲ ညိုအစောကြီးလာမယ်သိလို့လား"

သူမက ခပ်တိုးတိုး ခပ်တည်တည်သာခေါ်လိုက်ခြင်းဖြစ်သော်လည်း အဆောင်လှေကား၏ ပထမဆုံးအထစ်ကို လှမ်းနေသောညိုက တက်တက်ကြွကြွ အသံခပ်ဆာဆာကလေးဖြင့်ပြောသည်။

"မင်းအစောကြီးလာတိုင်း လာစရာလား"

"ရှင်ရယ် ကျီစယ်တာပါ ဘယ်သူကရော အတည်ပြောမလဲ"

သူ၏ အစိမ်းနုရောင် ထဘီစကလေးကို ခပ်ဖွဖွမ.တင်ကာ လှေကားများကို တစ်လှမ်းချင်းတက်ရင်း ညိုက ပြောသည်။

"မနေ့က အတူတူ အဖော်လိုက်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်။ မင်းကြောင့်.. ငါတကယ်... စိတ်သက်သာ..ရာ ရသွားတယ်"

မာယာသည် အပြာနုရောင် အင်္ကျီ၏ လက်အစတစ်ဖက်ကို သူမ၏ ညာဘက်လက်ဖြင့် ခပ်ဖွဖွ လုံးခြေရင်းဖြင့် ပြောလိုက်သည်။ မာယာ့ဒေါက်ဖိနပ်မှ အသံကို ဝရန်တာတစ်လျှောက် ခပ်ကျယ်ကျယ်ကြားနေရသည်။

"ကျေးဇူးတင်ရတာ စိတ်ရောပါရဲ့လား စကားတွေတောင်နှေးသွားတယ်"

ညိုပြောတော့ သူမ အိုးတိုးအမ်းတမ်းဖြစ်သွားသည်ကိုကြည့်၍ ညိုက ရယ်သည်။ အားရပါးရ ရယ်ခြင်းလည်းမဟုတ်။ ခပ်သာသာ ခပ်ဆဆကလေး ဟက််ခနဲရယ်ချခြင်းသာဖြစ်သည်။ ထိုရယ်သံကလေးကြောင့်ပင် မာယာ့၏ မြူငွေ့များ ကင်းစင်သွားရပြန်သည်။

"တကယ်ပြောတာပါ"

"သိပါရဲ့"

ဒီတစ်ခါတော့ မာယာရယ်လိုက်မိသည်။ မနက် ရှစ်နာရီပင်မထိုးသေးသဖြင့် မည်သူမှ ကျောင်းအဆောင်ပေါ်သို့မရောက်သေးပါ။ သူမနှင့်ညို နှစ်ဦးတည်း စကားတပြောပြောဖြင့် အခန်းထဲရောက်လာကြသည်။ အခန်းထဲရောက်ရောက်ချင်း ညိုက သူ၏အညိုရောင်လွယ်အိတ်ကလေးကို ချကာ ဆံပင်များကို လက်ဖြင့် ဖြီးသပ်နေသည်။ မာယာက ရှေ့ဆုံးတန်းခုံရှိ ထောင့်စွန်း၌ နေရာယူသည်။

တိမ်လိုမြူလိုDonde viven las historias. Descúbrelo ahora