Part-2

32 1 0
                                    

Zawgyi#

ဂျောင်ဂုတယောက် ဒီနေ့အလုပ်လေးပိုလုပ်ရတာကြောင့် ငွေစများ
အနည်းငယ်ပိုရခဲ့ကာ မျက်နှာထက်မှာလည်း အပြုံးလေးများနဲ့
ပျော်ရွှင်နေလေသည်။သူသိပ်လိုချင်နေတဲ့စက်ဘီးလေးကိုဝယ်
နိုင်ဖို့ ပိုက်ဆံဟာ ပြည့်လုနီးနီးဖြစ်နေလေပြီ။ သူငယ်စဉ်ကတည်းက
သဘောကျခဲ့တဲ့စက်ဘီးလေးကို ပိုင်ဆိုင်ရတော့မည်လေ။ အတွေးစ
တို့ကိုဖြတ်ကာ အငှါးစက်ဘီးလေးအား ခြံရှေ့သို့ရပ်လိုက်ပြီး ခြံထဲ
သို့ဝင်ရန် လှမ်းလိုက်စဉ်လှမ်းနေသောခြေလှမ်းတစ်စုံဟာ ရပ်တန့်
ပြီး မျက်နှာထက်ကအပြုံးများဟာလည်း ရုတ်ချည်းပျောက်ကွယ်
သွားခဲ့သည်။

"အင်း ငါက ဘောင်မဝင်တော့ဘူးပဲ"

အိမ်ရှေ့ကွတ်ပစ်လေးဠ် ဂျောင်ဆူး ဂျောင်ဟေး နဲ့အဖေက ညစာ
တောင်မိသားစု စုံစုံလင်လင်နဲ့ ပျော်ပျော်ရွှင်ရွှင်လက်စုံစားနေလေပြီ။
အဖေ့မျက်နှာထက်ကအပြုံးတွေက အကြောင်းအရာတစ်ခုခုကို
အလွန်သဘောကျနှစ်ခြိုက်နေပုံပေါ်သည်။

ဂျောင်ဂုတယောက် ခြံဝင်းထဲဝင်လာပြီး ပျော်ရွှင်စွာစားသောက်နေ
ကြတဲ့ထမင်းဝိုင်းလေးနံဘေးဠ် မက်တပ်ရပ်ရင်း

"ကျနော်ပြန်ရောက်ပါပြီ အဖေ"

ကျနော် နှုတ်ဆက်အသိပေးလိုက်ချိန် အဖေ့မျက်နှာထက်ကအပြုံး
တွေက ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။ထိုနောက် ဝတ်ကျေတန်းကျေဆိုရုံမျှ ပြန်ဖြေသောစကားတခွန်း

"အင်း"

အဖေဟာ ကျနော့်အပေါ် မိသားစုဝင်တယောက်လို ဘယ်သောအ
ခါမှ မဆက်ဆံခဲ့ဖူးပါ။ ဂျောင်ဂုဟာ စကားတခွန်းမှထပ်မဆိုပဲ ဒီနေ့ရ
လာသည့် လုပ်အားခ ငွေစလေးတွေကို အဖေ့ရှေ့သို့ကမ်းလိုက်
သည်။ ဂျောင်မင်းတယောက် မျက်နှာဂှေ့သို့ကမ်းလာသောလက်
တစုံကို မော့ကြည့်လိုက်သည်။

"ဒီနေ့ လုပ်အားခပါအဖေ"

ဂျောင်မင်းတယောက် ဂျောင်ဂုလက်ထဲမှ ငွေသားများအား လှမ်း
ယူလိုက်သည်။ ကောင်းသည် ဆိုးသည် ချိုသည် ခါးသည်
ဘာစကားတခွန်းမှဆိုမနေပါ။ ဂျောင်ဂုထွက်သွားဖို့ပြင်လိုက်စဉ်မှာပဲ
အဖေဟာ စကားတခွန်းဆိုသည်

From the sunrise to the sunset of your Life: Vinnila KimWhere stories live. Discover now