Part - 9

40 1 0
                                    

# Unicode

"ဒယ်ဂုံးရွာအခြေနေ ဘယ်လိုလဲဂျောင်ဂု"

"ဟုတ်ကဲ့ ဦးလေးကင်မ် ရွာအခြေနေကတော့ ပုံမှန်အတိုင်းပါပဲ
ထူးခြားမှုရယ်လို့ မ‌ေတွ့ရပါဘူး

ဂျပန်တပ်သားအနည်းငယ်တော့ ဟိုတစ်စု သည်တစ်စု တပ်စခန်းချ
နေထိုင်နေတာကို တွေ့ရတယ်"

ကင်မ်မင်ဟွန်း ဂျောင်ဂု၏တင်ပြချက်များအား အသိအမှတ်ပြုသလို ခေါင်းတစ်ချက်ငြိမ့်ကာပင်

"ငါ စုံစမ်းခိုင်းတဲ့ကိစ ဘယ်လိုလဲ ဂျီဟွမ်"

ဂျောင်ဂု အစက ဦးလေးကင်မ်အားကြည့်နေပေမယ့် ဦးလေးကင်မ်
မည်မျှပင်ခေါ်နေပါစေ အသံမလာပါသော ဂျီဟွမ့်ကြောင့်
ဂျောင်ဂုအကြည့်တို့ကား ဂျီဟွမ်ဆီသို့ ကျရောက်သွားရသည်။

ဦးလေးကင်မ်၏ရုံးခန်း၌ တပ်စစုသည်ဆိုကတည်းက
မိမိအား မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး
စောင်ပေပေကြည့်နေပါသော ဂျီဟွမ်အား ဂျောင်ဂုရိပ်စားမိပါသည်။

"ဟေ့ကောင် ဂျီဟွမ်"

"ဗျာ ဗျာ ဦးလေးကင်မ်"

"ငါမေးနေတာ မင်းမကြားဘူးလား မင်းစိတ်တွေဘယ်ရောက်နေတာလဲ"

"တောင်းပန်ပါတယ်ဦးလေးကင်မ်"

"ရှိပါစေတော့ ပြော ငါစုံးစမ်းခိုင်းထားတဲ့ကိစ"

"မကြာခင်ရေပိတ်တော့မယ်လို့ဆိုပါတယ် ခန့်မှန်းခြေ
‌ေအာက်တိုဘာ  ၁၀ /၁၁ လို့ ဆိုပေမယ့် ၁၆ရက်နေ့
နောက်ဆုံးထားပြီး တောင်ကြားရေလွှတ်မယ်လို့ ကြားထားပါတယ်"

"အင်း အချိန်သိပ်မလိုတော့ဘူးပဲ "

ဂျီဟွမ်ပြောစကားကြောင့် ဂျောင်ဂုတယောက် စဉ်းစားဖွင့်
နေရသည်။

သူမြင်ခဲ့သမျှ တပ်စခန်းအားလုံးနှင့် ဆက်စပ်ကြည့်
မည်ဆိုလျှင် ဒယ်ဂုံးရွာသားများအား ဘေးလွတ်ရာသို့
ရွှေ့ပြောင်းဖို့ရာ လွယ်ကူလိမ့်မည်မဟုတ်။

"ကျနော် တစ်ခုလောက်ပြောပါရစေ ဦးလေးကင်မ်"

"ကောင်းပြီ"

ကင်မ်မင်ဟွန်း၏ခွင့်ပြုချက်ရသည်နှင့် ဂျောင်ဂုဟာ
စာရွက်ကြမ်းနှင့် ဖောင်တိန်တစ်ခုအား ယူဆောင်ပြီး
စားပွဲထက်ခင်းကျင်းကာ မြင်ခဲ့သမျှ ဂျပန်တပ်စခန်းများအား
‌အကြမ်းဖျင်းရေးဆွဲလိုက်သည်။

From the sunrise to the sunset of your Life: Vinnila KimWhere stories live. Discover now