Part - 8

21 2 0
                                    

#Unicode

"ကိုကိုထယ်ယောင်း ဒယ်ဂုံးရွာကိုရောက်ဖူးလာဟင်"

ဦးလေးကင်မ်၏ခိုင်းစေမှုကြောင့် ဂျောင်ဂုတို့ ဒယ်ဂုံးရွာ
သို့ ခရီးနှင်နေခြင်းပင်။ဂျောင်ဂု ထယ်ယောင်းနှင့်အတူ
ယိုလေးဆိုသည့်ကလေးမ‌လည်းလိုက်ပါလာခဲ့သည်။

"ရောက်ဖူးတာပေါ့ ယိုလေးရဲ့"

ဒယ်ဂုံးရွာသို့ဦး‌ေလးနှင့်တူထယ်ယောင်း အသက်ဆယ်နှစ်အရွယ်က တစ်ကြိမ်ရောက်ဖူးခဲ့ပါသည်။
ထိုအချိန်က ဒယ်ဂုံး၌ ဂန်ယောင်းရှီးအားတွေ့ခဲ့သည်ဆိုသော
ကြောင့် ဦလေးဟာ ထယ်ယောင်းအား ထပ်မခေါ်ခဲ့ပေ။

ထယ်ယောင်း၏စကားကြောင့် ယိုလေးဆိုသည့်ကလေးမဟာ
မျက်လုံးလေးများဝိုင်းကာပင် မျက်နှာထက် အပြုံးလှလှလေးများ
ဖြစ်တည်သွားသည်ကို ဂျောင်ဂုမြင်လိုက်သည်။သည်လိုကျတော့လည်း ကလေးမလေးဟာ ချစ်စဖွယ်အတိပါလေ။

"ဒယ်ဂုံးမှာဘာတွေရှိလဲဟင် ယိုလေးကိုပြောပြပါ‌ေနာ်
ယိုလေးသိချင်လို့"

ယိုလေး၏ပူဆာသလိုချစ်စဖွယ်အမေးစကားကြောင့် ထယ်ယောင်း
အသဲယားစွာပင် ပါးဖောင်းဖောင်းလေးအား ခပ်ဖွဖွ ဆွဲလိမ်ကာ
ယိုလေးအားပွေ့ချီ၍ခရီးဆက်ခဲ့သည်။

"ယိုလေးသဘောကျမယ့် အရာတွေအများကြီးရှိတယ် "

"ယိုလေးသဘောကျမယ့်အရာ"

"အင်း ပန်းကလေးတွေ တောင်တန်းတွေ ဘတ်ဒိုတောင်အကြီးကြီးရယ်
နောက်ထပ်အများကြီးရှိသေးတယ်"

ယိုလေးဟာအလှအပကြိုက်သည့်မိန်းကလေးဖြစ်သည်ကြောင့်
ပန်းကလေးတွေဟူသည့်အသံကြားသည်နှင့် မျက်လုံးတောက်
တောက်လေးတွေဟာအရောင်လဲ့လာသည်။

"အာ ယိုလေးသဘောကျတဲ့ ယုန်ဖြူလေးလည်းရှိတယ်"

ထယ်ယောင်းရဲ့ ယုန်ဖြူလေးရှိသည်ဟူသည့်စကားကြောင့်
ချစ်စဖွယ်ကလေးမလေးဟာ ဒယ်ဂုံးရွာသို့အမြန်ရောက်ရန်
သာ ဇောကပ်နေတော့သည်။

"ကိုကိုထယ်ယောင်း မရောက်သေးဘူးလား"ဟူသည့် စကားဟာ
အတွင်တွင်။ဒယ်ဂုံးရွာရောက်သည်နှင့် ဂျောင်ဂုအားယုန်ဖြူလေးအားဖမ်း
ပေးရန်ဟူသည့်စကားဟာလည်း ပါးစပ်ဖျားမှမချ။ခရီးလမ်းတစ်လျှောက် ဂျောင်ဂုကိုယ်ပေါ်၌ စကားတစ်တွတ်တွတ်
ပြောကာပင် လိုက်ပါလာတော့သည်။

From the sunrise to the sunset of your Life: Vinnila KimWhere stories live. Discover now