Part-6

18 0 0
                                    

Zawgyi #

ဂျောင်ဂု ညစာ စားတော့ ဗိုက်အတော်ဆာနေတာကြောင့်
စားကောင်းကောင်းနဲ့စားလိုက်တာ ဗိုက်အင့်နေလေပြီ။

အိပ်ယာထက်မှထကာ အခန်းထဲ၌လမ်းလျှောက်ရင်း ပြတင်းပေါက်
ဘောင်ကိုလက်ထောက်ပြီး လေညင်းခံနေလိုက်သည်။

ဂျောင်ဂုနေသည့်အခန်းက အပေါ်ထပ်မှာရှိတာကြောင့် မြင်
ခွင်းကိုကောင်းစွာမြင်နေရသည်။

ဂျောင်ဂုပတ်ဝန်းကျင်အား ဝေ့ဝဲကာစူးစမ်းစဉ် ခုံတန်းရှည်တခု
၌ ခပ်လျှောလျှောထိုင်ကာ သီချင်းည ည်းနေသည်ကိုတွေ့လိုက်
ရသည်။

ခေါင်းကိုဘယ်ညာယိမ်းရင် သီချင်းည ည်းနေတဲ့ ဗနီလာကင်မ်က
အရှိန်တက်လာသည်ထင် ခုံတန်းရှည်မှထကာ ခါးကိုလှုပ်ပြီး
ကလာသည်။

ဂျောင်ဂု ခဏကြောင်သွားပေမယ့် တင်ပါးကိုပိုပြီးခါယမ်းကာ ကလာသော ဗနီလာကင်မ်ကိုကြည့်ကာ သဘောတကျပြုံး
လိုက်မိသည်။

သီချင်းထဲမျောနေရာကနေ ပတ်ဝန်းကျင်ကိုသတိရသွားသည်ထင်
ဆက္ကနဲ လှည့်ကြည့်လာသည့်ဗနီလာကင်မ်ကြောင့် ဂျောင်ဂု
မှာရှောင်ချိန်ပင်မရလိုက်။

ထယ်ယောင်း သူ့ကိုကြည့်နေတဲ့ ဂျောင်ဂုကိုတွေ့လိုက်ရတာကြောင့်
မျက်တောင်တဖျက်ဖျက်ခက်ကာ ကြောင်ပြီးကြည့်နေသည်မှာ
ပါးစပ်လေးပင်အနည်းငယ်ဟနေသယောင်။

ဂျောင်ဂု အနည်းငယ်စိုက်ကြည့်ပေးလိုက်တော့ အိပ်ဆောင်သို့
လှစ်ကနဲပြေးဝင်သွားသည့် ထယ်ယောင်း။

"ရှက်သွားတဲ့ပုံစံလေးကိုက အားးဘာလေးလဲကွာ"

ရှက်ယမ်းယမ်းပြီးပြေးဝင်သွားတဲ့ ဗနီလာကင်မ်ကိုကြည့်ပြီး
အသဲကပင်ယားသလိုလို အူကပင်ယားသလိုလိုနဲ့ ဂျောင်ဂုနေ
မထိထိုင်မသာဖြစ်နေသည်။

မနက်ဖြန်တော့ ဗနီလာကင်မ် သူ့အား မျက်နှာဆိုင်မည်မဟုတ်
ဆိတာ အသေချာပင်။

-----------

မနက်မိုးသောက်ချိန်ရောက်သည်နှင့် အကျင့်ဖြစ်နေသည့်
မျက်လုံးအစုံကြောင့် ဂျောင်ဂုအစောကြီးနိုးနေလေသည်။

From the sunrise to the sunset of your Life: Vinnila KimWhere stories live. Discover now