Part - 7

19 0 0
                                    

#Unicode

ကင်မ်မင်ဟွန်းရုံးခန်းကအပြန်  ဂျောင်ဂု အနောက်ဘက်
ကြာပန်းရုံသို့ရောက်နေခြင်းပင်။

အဖြူရောင်ကြာပန်းလေးတွေနဲ့ပြည့်နှက်နေတဲ့ကြာပန်းရုံက
အရမ်းကိုလှပလွန်းသည်။

ဂျောင်ဂုအမြင်မမှားဘူးလျှင် အဖြဂရာင်ကြာပန်းတွေပွင့်နေတဲ့
အလယ်မှာ ခရမ်းရောင်ကြာတစ်ပွင့် ပွင့်နေခြင်းပင်။

ခရမ်းရောင်ကြာပန်းအား‌‌ကြည့်ရင်း ရင်ဘတ်ထဲက နှလုံးသား
တစ်စုံက လှုပ်ခတ်သွားပြီး သက်ဆိုင်သူ တယောက်သောသူကြောင့်
ဂျောင်ဂုနှုတ်ခမ်းကော့ညွှတ်သွားရသည်။

ဒီခရမ်းရောင်ကြာပန်းလေးသာ ဗနီလာကင်မ်ရဲ့ဆံနွယ်ထက်
ပန်ဆင်လိုက်ရင် အရမ်းလှမှာပဲ။ ဗနီလာကင်မ်က ယောကျာ်း
လေးတစ်ယောက်ဆိုတော့ ပန်းကြိုက်ပါ့မလား တွေးမိရပြန်ဘိ။

"အာ စိတ်တိုလိုက်တာ မှီခါနီးလေးကို"

ဂျောင်ဂုတယောက် အတွေးနွံထဲဘယ်လောက်တောင်နစ်မျော
နေမိလဲမသိ ဘေးတစ်ဖက်မှ စိတ်ရှုပ်သလို ညီးညူသံကြောင့်
လှည့်ကြည့်မိတော့ မိမိအတွေးပိုင်ရှင်လေး ရောက်နေခြင်းပင်။

သေချာကြည့်မိတော့မှ ဗနီလာကင်မ်က တစ်ခုခုကိုအလိုမကျ
သလို နှုတ်ခမ်းကအနည်းငယ်ဆူနေသယောင်။လက်ထဲမှာလည်းတုတ်ရှည်ရှည်တစ်ချောင်းကို ကိုင်ထားသေးသည်။

ဦးလေးဆီကအပြန် အနောက်ဘက်ကြာပန်းရုံ၌ ခရမ်း‌ရောင်
ကြာပန်းပွင့်နေပြီဆိုတဲ့ ယိုလေးပြောစကားကြောင့် ထယ်ယောင်း
ရောက်နေခြင်းပင်။

ဟိုလူရောက်နေသည်ဆိုတာလည်း ထယ်ယောင်းမြင်ပါသည်။
ကြာပန်းကိုကြည့်လိုက်တော့လည်း ကမ်းနဲ့ အလွန်ဝေးတဲ့ ကြာရုံ
အလယ်တည့်တည့်၌ ဖြစ်တာကြောင့် ထယ်ယောင်းအတော်ပင် စိတ်ညစ်သွားရသည်။

ထယ်ယောင်းအတွက်မလွယ်လှတာကြောင့် ဘေးတစ်ဖက်က ဂျွန်ဂျောင်ဂုဆိုတဲ့လူကိုတစ်ချက်ကြည့်မိပြီး အကူညီတောင်းရန်
စိတ်ကူးလိုက်ပေမယ့် အရင်းခံမာနလေးကြောင့် မိမိကိုယ်တိုင်
ခူးရန်သာဆုံးဖြတ်လိုက်သည်။

From the sunrise to the sunset of your Life: Vinnila KimWhere stories live. Discover now