Part-1

95 2 0
                                    

Zawgyi #

19 ရာစုနှောင်းပိုင်းတွင် ကိုရီးယားဘုရင်စနစ်သည် အားနည်းခဲ့
သည်။နှစ်ပေါင်းများစွာအထီးကျန်ဝါဒဟာ အစိုးရကို ပြည်တွင်းဠ်
စုစည်းစေခဲ့သော်လည်း နောက်ဆုံးတွင် ဂျပန်စီးပွားရေးဖိအားများ
ပိုမိုခိုင်မာလာခဲ့သည်။ဂျပန်တို့သည် 1876ခုနှစ်တွင် Kanghwa စာချုပ်ကို သဘောတူခဲ့ကြသော်လည်း ကိုရီးယားတွင် ၎င်းတို့၏နယ်မြေအာဏာကိုတိုး မြှင့်လိုက်ကြသည်။

အပြည်ပြည်ဆိုင်ရာဖိအားပေးမှုအပြင် ကိုရီးယားတွင်လည်း
ဂျိဆန်မင်းဆက်ကိုဆန့်ကျင်ပုန်ကန်ခဲ့သည်။ ဒီအတွက်ဘုရင်က
ကိုရီးယားကျွန်းဆွယ်ကို တပ်တွေစေလွှတ်လိုက်တဲ့ တရုတ်ရဲ့
အကူအညီကို တောင်းခံခဲ့သည်။ ဂျပန်များက ၎င်းသည် ပြည်တွင်း
ပြည်ပ ပဋိပဣဖြစ်သော်လည်း ၎င်းကိုစော်ကားသည်ဟု ယူဆခဲ့
ကြသည်။

အမေရိကန်နှင့်ဆိုဗီယက်ယူနီယံတို့သည် ကိုရီးယားကျွန်းဆွယ်ကို ကျူးကျော်ဝင်ရောက်စဉ် တဖက်ဠ် ဂျပန်အင်ပါယာကို အဆုံးသတ်စေလိုသောကြောင့် ကမ်ဘာစစ်အတွင်းကျရောက်
ခဲ့သည်။ ဂျပန်အင်ပါယာရဲ့ အင်အားကြီးမားတောင့်တင်းမှုကြောင့်
အမေရိကန်နှင့်ဆိုဗီယက်ယူနီယံဟာ ကိုရီးယားကိုသိမ်းပိုက်မည့်
ဦးတည်ချက်ပြောင်း၍ တပ်ဆုတ် ထွက်ခွာခဲ့သည်။

ကိုရီးယားဠ်ဂျပန်ထိန်းချုပ်မှာလိုအပ်ချက်သည် ကာကွယ်စောင့်ရှော
က်ရေးနှင့်မရော။ ဤအကြောင်းကြောင့် 1910ခုနှစ်တွင် ကိုရီးယား
အား ဂျပန်ပိုင်နက်နယ်မြေအဖြစ်သိမ်းပိုက်ခဲ့သည်။ ကိုရီးယားပိုင်
နက်နယ်မြေ၏ သက်ေတများကိုဖယ်ရှားခဲ့ပြီး ထိုအချိန်မှစ၍
Himamaruဟု လူသိများသော ဂျပန်အလံကို အသုံးပြုခဲ့
သည်။
တောင်ဆွယ်တွေပတ်လည်ဝိုင်းနေတဲ့ လမ်းလေးတခုရဲ့ဘေးတ
ဖက်တချက်ဠ် သဘာဝအလျှောက်ပွင့်လန်းနေသော သစ်ပင်
ပန်းမံများဟာလည်း ဂယောဂုရွာလေးကို တစ်မျိုးတစ်ဖုံလှပ
ဖော်ဆောင်ပေးနေလေသည်။ တောရဲ့သဘာဝအလျှောက်
ကျက်စားနေထိုင်ကြသော ကျေးငှက်သာရကာလေးများရဲ့
တီဆိုသီကြူးသံမှာလည်း သာယာညိမ့်ညောင်းလှပေသည်။

ထိုလမ်းကလေးတလျှောက် သံစဉ်ခမ်ငြိမ့်ငြိမ့်လေးည ည်းရင်း
ဖြတ်သန်းလာသောစက်ဘီးလေးတစ်စီး။ ဆောင်းဦးကာလရဲ့
အသည်းခိုက်မတတ်ချမ်းအေးသည့် ဆောင်းလေအေးအေး
သည် မည်မျှပင် တိုက်ခတ်နေပါစေ လက္လုပ္လက္စား ဆင်း
ရဲနွမ်းပါးတဲ့ ထိုလူသားအတွက် အအေးဒဏ်သည်လည်းသက်
ရောက်မှုမရှိခဲ့ပါလေ။ ငယ်စဉ်ကတည်းကဆင်းရဲနွမ်းပါးတဲ့
သူ့ဘဝဟာ ယခုအချိန်အထိ ပြည့်စုံတယ်ရယ်လို့မရှိခဲ့ပါလေ။
တခြားသော သူနှင့်သက်တူရွယ်တူ ကေလးမ်ား အပူအပင်ရယ်လို့မ
ရှိ ခုန်ပျောက်ပြေးလွှားကာ ပျော်ရွှင်စွာဆော့ကစားနေချိန် သူဟာ
အရွယ်နဲ့မလိုက်အောင် တတောင်တက်တတောင်ဆင်း တစ်အိမ်
ဝင်တစ်အိမ်ထွက်ကာ ရေပို့ဆောင်ရပါသည်။ ထိုရေပို့ဆောင်သည့်
အလုပ်မှ ငွေစအနည်းငယ်ရမှသာ သူ့မိသားစုတနေ့တာဝမ်းရေး
အတွက် ဖူလုံရယ်မျှသာ။ သူတို့မိသားစုဟာ လူဦးရေများတယ်လို့
မဆိုသော်လည်း နည်းအဖေဂျွန်ဂျောင်မင်းနဲ့သူတို့မောင်နှမသုံး
ယောက်နေထိုင်စားသောက်ရေးအတွက် သူ့တယောက်ထဲလုပ်အား
ခဖြင့် ကြည့်မယ်ဆိုရင်လုံလောက်တယ်လို့မဆိုနိုင်ပါ။

From the sunrise to the sunset of your Life: Vinnila KimWhere stories live. Discover now