C နိုင်ငံ၏ တောင်ပိုင်း L မြို့၏ အဝေးပြေးကားဂိတ်တွင် အညိုရောင်ဂျာကင်ကို စွပ်ကျယ်ခံထားပြီး ဘောင်းဘီအဖြူပွပွကြီးဝတ်ထားသည့်အရပ်ရှည်ရှည် အသားညိုညိုနှင့် အသက် ၃၀ ကျော်အရွယ်ခန့်ရှိသည့်အမျိုးသားတစ်ယောက်က မျက်နှာတွင် နုတ်ခမ်းမွှေးခပ်ရေးရေးရှိနေပြီး ဆံပင်ဂုတ်ထောက်နေသည့်တိုင် ကြည့်ကောင်းနေသည်။ ထိုလူက နာရီတကြည့်ကြည့်ဖြင့် စိတ်မရှည်နိုင်ဖြစ်နေသည်။
နာရီအနည်းငယ်အကြာတွင် ခရီးသည်တင် ကားတစ်စီး ဆိုက်ရောက်လာသည်။ အညိုရောင်ဂျာကင်နှင့်လူက သူ့အရပ်ရှည်နေသည်ကို မေ့နေသည်ထင်။ ခြေဖနှောင့်ကို ပင့်မြှောက်၍ ကားပေါ်က ဆင်းလာသည့်သူများကို ကြည့်ရင်း တစ်စုံတစ်ယောက်ကို သိမ်းငှက်၏မျက်လုံးများမြင့် ရှာဖွေနေသည်။ နောက်တော့ ရှာဖွေနေသည့်သူကို တွေ့သွား၍ဖြစ်မည်။ တင်းတင်းစေ့ထားသောနှုတ်ခမ်းများပြေလျော့သွားပြီး ထိလုနီးပါး နက်မှောင်နေသော မျက်ခုံးတန်းနှစ်သွယ်ကလည်း ပုံမှန်နေရာပြန်ရောက်သွားကြသည်။
"လေးလေး!!!!!!!!!"
ဖြူဖြူချောချော လူငယ်လေးတစ်ဦးပြေးလာပြီး ထိုလူကို ပွေ့ဖက်လာသည်။ ထိုလူကလည်း သူ့လက်နှစ်ဖက်ကို ဆန့်တန်းကြိုဆိုပြီး ပြန်လည်ပွေ့ဖက်လိုက်သည်။ နှုတ်မှလည်း ဆူဆူပူပူပြောလိုက်သည်။
"ယွင်လုံ ဖြည်းဖြည်းလာလေ။ ကလေးလဲမဟုတ်တော့ဘူး။ အသံဗြဲကြီးနဲ့"
YOU ARE READING
Don't Cry.....
Fanfictionမငိုပါနဲ့တော့ ကလေးရယ်~~ ရှောင်းကျန့် ဦးသာအနားမှာ ရှိရင် မငိုပါဘူး~~ ရိပေါ်