13

724 55 6
                                    

ထင်ထားသည့် အတိုင်းပင်။ ရိပေါ်အိမ်ရောက်တော့ ရိပေါ့် မေမေက မျက်လုံးလေးမှိတ်ထားပြီး အိပ်ရာပေါ်မှာ လှဲနေလျက်။ ရိပေါ်က သူမကို အပြေးလေး သွားဖက်လိုက်သည်။
"မေမေ~~~"

ရိပေါ်၏ခေါ်သံကြောင့်ရော ပွေ့ဖက်မှုကြောင့်ပါ သူမ၏ မျက်လုံးများ ပွင့်လာရသည်။ အံ့ဩ ဝမ်းသာစွာဖြင့် ရိပေါ်အား ပြန်ဖက်လာသည်။ သူမက နွေးနွေးကြင်နာမှုအပြည့်ဖြင့်
"သားလေး..... ဘယ်တုန်းကပြန်လာတာလဲ~~။ သားပြန်မလာလောက်သေးဘူး ထင်နေတာ~~"

ရိပေါ်က သူမ၏ရင်ဘက်ပေါ် ခေါင်းလေးစောင်းတင်လိုက်ရင်း...
"ခုလေးတင်ရောက်တာ....။ ‌မေမေ့အသံက သိပ်မကောင်းလို့ နေမကောင်းဘူးလို့ တွေးမိပြီး အမြန်ပြန်လာတာ"

ရိပေါ်မေမေက သူ၏ခေါင်းက ဆံပင်များကို ပွတ်သပ်လာပြီး မကျေနပ်သယောင် ပြောလာသည်။
"မေမေက သားနဲ့ တစ်ပတ်ထက်ပိုပြီး မခွဲဖူးဘူးလေ။ အခုက သားသွားတာ တစ်လနီးပါးပဲ။ ဟိုမှာ တအားပျော်နေတယ်ပေါ့!"

ရိပေါ်က ခေါင်းလေး ဆက်ကနဲထောင်လာသည်။ ကုတင်ဘေးတွင် ဒူးထောက်ချလိုက်ပြီး ကုတင်ဘောင်ဘောင်ပေါ် လက်ထောက်လျက် စိတ်ပါလက်ပါ  ပြောလိုက်သည်။
"ဟာာာာာာ မေမေ မသိလို့..... ဦးတို့နေတဲ့ တောင်ပေါ်မြို့လေးက အရမ်းနေလို့ကောင်းတာ။ ဦးရဲ့အိမ်ဆို ထင်းရှူးသစ်လုံးတွေနဲ့ဆောက်ထားတာ သိလား? အပြင်ကကြည့်ရင် သာမန်ပဲလို့ထင်ရတယ်။ အိမ်ထဲလည်းရောက်ရော ဝါးးးးးးးးးးး အရမ်းမိုက်တာနော်...။ Decoration ကရှယ်ပဲ။ သားတို့မှာလည်း အဲလိုအိမ်လေးရှိရင်ကောင်းမယ်လို့တောင် တွေးမိတယ် သိလား? ရာသီဥတုကလည်း အေးမြမြလေး။ အရမ်းနေလို့ကောင်းတယ် မေမေရာ......။ နွေရာသီဆို အပန်းဖြေဖို့ အသင့်တော်ဆုံးပဲ......"

ရိပေါ်က စိတ်အားထက်သန်စွာနဲ့ မိခင်၏လက်ကို ကိုင်လိုက်ပြီး လှုပ်ခါ လှုပ်ခါ ပြောနေပြန်သည်။
"........ နောက်ပြီး ဦးရဲ့ သစ်သီးခြံတွေကလည်း အကျယ်ကြီးပဲ သိလား? ပန်းသီးပင်တွေ သစ်တော်သီးပင်တွေမှ အများကြီး....! အသီးတွေကလည်း ပြွတ်နေအောင်သီးတာ.....  သားတို့ဆို အကြီးကြီးတွေ ရွေးခူးပြီးစားကြတာ-----။  သစ်သီးတွေက လတ်ဆက်တော့ မွှေးပြီး ချိုလိုက်တာမှ ! သိလား?  ပြီးတော့ ဦးဦးဝမ်းနင်ကလည်း ဟင်းချက်ကောင်းတယ်~~ သားဆို ထမင်းအများကြီးစားဖြစ်တယ်။ နောက်ပြီး သားတို့ တောင်ပေါ်မှာ တိမ်ပင်လယ်ကြည့်ဖို့ Camping ထွက်ကြတယ်လေ။ ချောင်းထဲမှာလည်း သားတို့ ငါးဖမ်းကြသေးတယ် သိလား? ဟားဟားဟား.... သားနဲ့ ယွင်လုံဖမ်းတာ တစ်ကောင်တောင်မမိဘူး။ ဦးဆို အရမ်းတော်! တစ်ခါဖမ်း တစ်ခါမိပဲ! ပြီးတော့လေ သား ဒီကိုမပြန်ခင် ဦးက မီးပုံပွဲလည်းလုပ်ပေးတယ် သိလား? အသားကင်တွေစားကြ။ သီချင်းတွေဆိုကြနဲ့ ပျော်စရာကြီး........"

Don't Cry.....Where stories live. Discover now