နောက်တစ်နေ့ရောက်သည်နှင့် ရှောင်းကျန့်မှာ ခြံကိစ္စဖြင့် အလုပ်ရှုတ်နေရပြန်သည်။ ခြံထဲ မသွားမီ အိပ်ယာမှမထသေးသော တူဖြစ်သူကိုနှိုး၍ မှာစရာရှိသည်များမှာရလေသည်။
"ယွင်လုံ... မင်းသူငယ်ချင်းကို သေသေချာချာလေး ဂရုစိုက်လိုက်ဦး။ လေးလေးတို့ဆီ လာလည်မှ တစ်ခုခုဖြစ်တယ်ဆို မကောင်းဘူး။ ဆေးလိမ်းဖို့လည်း မမေ့နဲ့ဦး။ ဪ... ပြီးရင်လည်း ပတ်တီးစီးနော်။ ညက လေးလေးစီးသလိုမျိုး... မှတ်မိတယ်မလား?"
"ဟုတ်ကဲ့။ သားသိပါတယ်"
ယွင်လုံက အိပ်ချင်မူးတူးနဲ့ ပြန်ဖြေလေသည်။"မနက်စာကို စားပွဲမှာတင်ထားတယ်။ အေးနေရင် နွေးစားလိုက်။ နေ့လည်စာကို လေးလေးပြန်လာလုပ်ပေးမယ်"
"ဟုတ်! ဟုတ်!''
ယွင်လုံလည်း ခေါင်းတဆက်ဆက် ညိတ်ပြနေရသည်။ *လေးလေးက ဘယ်တုန်းက ဒီလောက် စကားများသွားပါလိမ့်*ရိပေါ်နိုးလာတော့ နေမြင့်နေပြီဖြစ်သည်။ ရိပေါ်က အိပ်ရာမှထလိုက်ပြီး ကုတင်ပေါ်မှ ဆင်းရန် ခြေထောက်ကို ချလိုက်သည်။
'အ!... ကျွတ်ကျွတ်... နာနေသေးတာပဲ.....'အဲဒီအချိန်မှာပဲ ယွင်လုံက ရိပေါ်၏ အခန်းထဲဝင်လာသည်။
"ရိပေါ်နိုးပြီလား.... လာ ငါမင်းကို ရေချိုးခန်းဆီ တွဲပို့ပေးမယ်"ရိပေါ်လည်း မတက်နိုင်စွာပဲ ယွင်လုံ၏ အကူအညီယူရလေသည်။ ရိပေါ်က မျက်နှာသစ် သွားတိုက်ရင်း မနေ့ညက ရှောင်းကျန့်က သူ့အား ရေချိုးခန်းသို့မချီလာပေးသည်ကို ပြန်တွေးမိရင်း မျက်နှာတစ်ခုလုံးထူပူလာရသည်။
ရိပေါ် ကိုယ်လက်သန့်စင်ပြီး၍ ရေချိုးခန်းမှ ထွက်လာတော့ ယွင်လုံက သူ့အားတွဲကူရန်သာ စိတ်အားထက်သန်နေ၍ သူ့မျက်နှာကို မကြည့်မိပေ။
ယွင်လုံက ရိပေါ်အား ကုတင်ဘေးရှိ ထိုင်ခုံတွင် ထိုင်စေပြီး ဆေးလိမ်းပေးရန် ဆေးဘူးကို ယူလိုက်သည်။
ရိပေါ်က ယွင်လုံဆီက ဆေးဘူးကို ယူလိုက်ပြီး
"ငါ့ ဘာသာ ငါ လိမ်းပါ့မယ်"ယွင်လုံကလည်း ရိပေါ်လက်ထဲရောက်သွားသော ဆေးဘူးကို ဆက်ကနဲ ပြန်ယူလိုက်သည်။
"ငါ့ကို လေးလေးက သေသေချာချာမှာသွားတာ။ ငါပဲ လိမ်းပေးမယ်။ အဲလိုမှမဟုတ်ရင် ငါ ဆူခံထိမှာ....."
YOU ARE READING
Don't Cry.....
Fanfictionမငိုပါနဲ့တော့ ကလေးရယ်~~ ရှောင်းကျန့် ဦးသာအနားမှာ ရှိရင် မငိုပါဘူး~~ ရိပေါ်