ရှောင်းကျန့် အိမ်မှထွက်လာပြီးနောက် သစ်သီးခြံသို့ မဝင်မီ သူငယ်ချင်းဖြစ်သူ ကျန်းချန်၏အိမ်သို့ ဝင်လိုက်သည်။ ငယ်သူငယ်ချင်းဖြစ်သော ကျန်းချန်ကို ၎င်းအလုပ်လုပ်နေသော ကုမ္ပဏီမှ အလုပ်ထွက်စေပြီး သူ၏သစ်သီးခြံများကို စီမံကွပ်ကဲရန် မန်နေဂျာလုပ်စေသည်။ မူလအလုပ်ထက် လစာပိုပေးထားသည်။
ရှောင်းကျန့်က ကျန်းချန်၏အိမ်ကို ရောက်သော် ခပ်လှမ်းလှမ်းမှာ ကားကိုရပ်ထားလိုက်ပြီး စက်မသတ်ဘဲ ကားပေါ်မှာပင် စောင့်နေလိုက်သည်။ ကျန်းချန်က အိမ်ဝင်းထဲ၌ သီးပင်စားပင်များကို နေရာလွတ်မချန် စိုက်ပျိုးထားသည်။
ကားသံကြား၍ အိမ်ထဲမှ ကျန်းချန်၏ဇနီးဖြစ်သူ ဝမ်းချင်ထွက်လာပြီး
"ခဏလေးစောင့်ဦးနော် ရှောင်းကျန့်ရေ--------။ သူ ရေချိုးခန်းဝင်နေလို့"ကျန်းချန်က ရှောင်းကျန့်၏သစ်သီးခြံ မန်နေဂျာဖြစ်လာပြီးနောက် ဝမ်းနင်၏အစ်မဖြစ်သူ ဝမ်းချင်နှင့်တွေ့ဆုံရာမှ ချစ်ကြိုက်သွားကြပြီး လက်ထပ်ခဲ့ကြသည်။ အိမ်ထောင်သက် နှစ်နှစ်ပင် ရှိနေပြီဖြစ်သည်။
ရှောင်းကျန့်က ကျန်းချန်နဲ့အတူ ပန်းသီးခြံကို လှည့်ပတ်စစ်ဆေးကြသည်။ ကျန်းချန်က
"ခူးဖို့ အနေတော်ပဲ။ အသီးဆွတ်ဖို့ အလုပ်သမားတွေလည်း အဆင်သင့်ပဲ ။ ဘယ်နေ့ စမလဲ"
YOU ARE READING
Don't Cry.....
Fanfictionမငိုပါနဲ့တော့ ကလေးရယ်~~ ရှောင်းကျန့် ဦးသာအနားမှာ ရှိရင် မငိုပါဘူး~~ ရိပေါ်