သုံးရက်မြောက်နေ့
ရှောင်းကျန့် ခြံထဲသွားရန် အိမ်အပေါ်ထပ်မှ ဆင်းလာတော့ ဧည့်ခန်းတွင် ရိပေါ်ကိုတွေ့လိုက်ရသည်။
ရိပေါ်က ခြံထဲလိုက်ချင်လို့ စောစောထကာ အဆင်သင့် စောင့်နေခြင်းဖြစ်သည်။ ရှောင်းကျန့်၏ တည်ငြိမ်အေးစက်သော အကြည့်ကြောင့် ရိပေါ်၏ ကိုယ်လုံးလေး မသိမသာ တုန်ရင်သွားရသည်။ ထို့ကြောင့် ကြောက်ကြောက်နှင့် ပြောလိုက်ရသည်။
"ခြံထဲ~လိုက်မလို့~ ဦး~ကို~စောင့်နေတာ~"ရှောင်းကျန့်က ခြံထဲလိုက်ချင်၍ သူ့ကိုကြိုတင်စောင့်နေသော ရိပေါ်ကို ကြည့်ပြီး အံ့အားသင့်သွားရသည်။
ထို့နောက် ရှောင်းကျန့်က အိမ်ထဲ ဝေ့ဝဲ၍ တူဖြစ်သူကို ရှာလိုက်သည်။
"ယွင်လုံရော?""အပေါ်မှာ။ ဆင်းလာတော့မယ်"
ရိပေါ် ပြန်ဖြေပြီး မကြာပါ။ ယွင်လုံက အိမ်အပေါ်ထပ်မှ ဆင်းလာသည်။"ရိပေါ်ရားးးးးးးး ကောင်းကောင်းမအိပ်ရဘူးးးးးးးး"
ယွင်လုံ၏ ညည်းတွားသံက ရှောင်းကျန့်ကို မြင်တော့ ပါးစပ်ကို လက်နဲ့ အလျင်အမြန်အုပ်လိုက်ရသည်။
"လေးလေးက သားတို့ကို ချန်ခဲ့မှာစိုးလို့ စောစောထပြီးစောင့်နေတာ..... ဟီးးးးးး"
YOU ARE READING
Don't Cry.....
Fanfictionမငိုပါနဲ့တော့ ကလေးရယ်~~ ရှောင်းကျန့် ဦးသာအနားမှာ ရှိရင် မငိုပါဘူး~~ ရိပေါ်