ရှောင်းကျန့်က သူ့ကားကို တောင်စောင်းနား ကပ်ပြီး ထိုးရပ်လိုက်သည်။ ဒီနေ့ ယွင်လုံကို ပြန်လာကြိုရခြင်းပင်။
"ဝှားးးးးးးးးးး"
ရိပေါ်က ကားမောင်းနေစဉ် တစ်လျှောက်လုံး အိပ်လိုက်လာရာမှ ကားရပ်လိုက်တဲ့ အရှိန်ကြောင့် နိုးလာရသည်။ မနက် အစောကြီးထလာရသည်ကိုး.....။ရှောင်းကျန့်သည် ရိပေါ်၏ အားပါးတရ သမ်းလိုက်သည့်အသံကြောင့် ရိပေါ်ကို လှည့်ကြည့်မိတော့ ထိုကလေးက အလျှင်အမြန်ပင် ပါးစပ်ပိတ်လိုက်လေသည်။ ရိပေါ်၏ အိပ်ချင်မပြေသေးသော ပုံစံကြောင့်
"အိပ်ချင်သေးရင် ကားထဲမှာပဲ အိပ်နေလေ""ရပါတယ်။ အိပ်ချင်တော့ဘူး"
ရိပေါ်က အမြန်ပင် ပြန်ဖြေရင်း ကားပေါ်မှ ဆင်းလိုက်သည်။"အဲဒါဆို ဒီနားလာ။ လေကောင်းလေသန့် ရှူရင်း ရှုခင်းတွေကြည့်။ အိပ်ချင်ပြေသွားလိမ့်မယ်"
ရှောင်းကျန့်က တောင်စောင်းနားရပ်ရင်း ရိပေါ်ကို လှမ်းခေါ်လိုက်သည်။ခဏအကြာမှာတော့ ဆိုင်ကယ်သံကြားလာရပြီး ယွင်လုံ လိုက်ပါလာသော ဆိုင်ကယ်က မြင်ကွင်းထဲ ပေါ်လာတော့သည်။
"လေးလေး! ရိပေါ်! "
ယွင်လုံက ဆိုင်ကယ်ပေါ်ကတောင် မဆင်းရသေး သူတို့ကို တွေ့သည်နှင့် အသံဗြဲကြီးနှင့် အော်လေသည်။ အပြန်တွင် ယွင်လုံထံ၌ ကျောပိုးထားသော တောင်းကြီးက အပိုပါလာသည်။
YOU ARE READING
Don't Cry.....
Fanfictionမငိုပါနဲ့တော့ ကလေးရယ်~~ ရှောင်းကျန့် ဦးသာအနားမှာ ရှိရင် မငိုပါဘူး~~ ရိပေါ်