နောက်တစ်နေ့ မနက်ခင်းတွင် ရှောင်းကျန့်တို့အိမ်၌ တောင်ပေါ် Camping ထွက်ရန် ပြင်ဆင်နေကြသည်။ တူဖြစ်သူက ရိပေါ်ကို Camping ထွက်တာ ပျော်စရာကောင်းကြောင်း ကြွားလုံးထုတ်ထားပြီး သူ့အား Camping ထွက်ရန်ပူဆာထားသောကြောင့်ဖြစ်သည်။ ပုံမှန်အားဖြင့် တစ်နှစ်တစ်ခါ ရှောင်းကျန့်က သစ်သီးခြံကိစ္စများပြီးပြတ်မှ Camping ထွက်လေ့ရှိသည်။ အခု သစ်တော်သီးနှင့် မက်မွန်သီးများ ခူးရန်ကျန်သေးသော်လည်း အသီးများမှာ ခူးဆွတ်ရန် လိုနေသေး၍ Camping ထွက်ပြီးမှ ခူးရန်စီစဉ်လိုက်သည်။
လိုအပ်သည်များ ထုတ်ပိုးပြီးသည်နှင့် ရှောင်းကျန့်၊ ဝမ်းနင်၊ ယွင်လုံနှင့် ရိပေါ်တို့ လေးယောက် နံနက်စာစားပြီးသည်နှင့် ထွက်ခွာလာကြသည်။ ရွာများ၊ တောင်ယာများကို ဖြတ်သန်းပြီး ဖြည်းဖြည်းမှန်မှန် မောင်းရသောကြောင့် တစ်နာရီကြာမှ တောင်ခြေသို့ရောက်ရှိလာသည်။
လေးယောက်သား ကားပေါ်မှဆင်းပြီးနောက် ယွင်လုံက ရိပေါ်ကို တောင်တန်းတွေဘက် လက်ညှိုးထိုးပြရင်း
"ဟိုးက အမြင့်ဆုံးတောင်။ တွေ့လား? နတ်သမီးတောင်လို့ခေါ်တယ်။ ငါတို့အဲ့တောင်ပေါ်သွားမှာ။ တောင်လေးလုံးကို ဖြတ်ပြီးရင် ရောက်ပြီ""ဝါး.... တော်တော်ဝေးတာပဲ"
ရိပေါ်က အဲလောက်ဝေးမည်ဟုမထင်ထားပေ။သူတို့အားလုံး သယ်ယူစရာများကို ကိုယ်စီကိုယ်ငှ ခွဲဝေ သယ်ယူကာ တောင်ပေါ်သို့ စတင်တက်ကြတော့သည်။
အေးမြပြီး သန့်ရှင်းလတ်ဆက်သော လေထုက ရစ်သိုင်းနေတော့ ကနဦးတွင်တော့ ရိပေါ်သည် လန်းဆန်းတက်ကြွနေကာ ယွင်လုံနှင့်အတူ တောတောင် သဘာဝရှုခင်းများကို ငေးရင်း အားကြိုးမာန်တက် ရှေ့မှနေ၍ အပြေးလေးတက်ကြလေသည်။ ပြေးတက်လိုက် မောရင်နားလိုက်နဲ့ နာရီဝက်လောက်ကြာတော့ မတက်နိုင်တော့ပဲ နားနေလိုက်ရတော့သည်။ ရှောင်းကျန့်နှင့် ဝမ်းနင်တို့က သူတို့နောက်မှ ဖြည်းဖြည်းမှန်မှန်သာ တက်လာကြပြီး သူတို့ကိုမီလာလေသည်။
YOU ARE READING
Don't Cry.....
Fanfictionမငိုပါနဲ့တော့ ကလေးရယ်~~ ရှောင်းကျန့် ဦးသာအနားမှာ ရှိရင် မငိုပါဘူး~~ ရိပေါ်