ဘတ်ဖလိုမြို့၊ နယူးယောက် ပြည်နယ်
----------တကယ်တော့ ...
ဂျမ်မနိုင် ဒီပစ္စည်းကို ဝယ်သင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ရဖို့ တစ်ပတ်လောက် အချိန်ယူပြီး စဉ်းစားခဲ့ရတာ ... လက်တွေ့ကျကျ အကျိုးနဲ့အပြစ်ကို ချိန်ထိုးပြီး တွက်ကြည့်လေလေ ..... ဒါက တန်တယ် ဆိုတာ သေချာလာလေလေလို့ စိတ်ထဲ ယတိပြတ်သွားတဲ့အထိပေါ့ ...
အားသာချက်အနေနဲ့ ဂျမ့်ရဲ့ လက်ရှိသကြားကောင်လေးက ဒါမျိုး လိုချင်တယ်လို့ နှစ်ခါလောက် ပူဆာဖူးတယ် ...
မကြာခင် ... Christmas ကို ရောက်တော့မှာမို့ ... သူ့ကို Christmas လက်ဆောင် ဝယ်ပေးရမယ့်တူတူ ဒီဟာကြီး ဝယ်လိုက်တော့ ဂျမ်မနိုင်လည်း အကျိုးမယုတ်ပါဘူး ... ဟက်ဟက် ...အားနည်းချက်အနေနဲ့ ... ဈေးက ဖြစ်သင့်တာထက် အများကြီး ပိုနေတာပဲ ..
ဒါပေမယ့် သကြားကောင်လေးရဲ့ ဝင်ငွေနဲ့ဆို ပက်ခနဲ ဝယ်ဖို့ မတတ်နိုင်တဲ့ ပမာဏဖြစ်နေပြန်တော့ ဂျမ်ကပဲ အလိုက်တသိ တာဝန်ယူပေးရမှာပေါ့ ...တွေ့နေတာ ၂လလောက်ပဲ ရှိသေးတဲ့ သကြားကောင်လေးအတွက် ... ဒီလောက် တန်ဖိုးကြီးတဲ့ လက်ဆောင် ပေးတယ်ဆိုတာ နည်းနည်းတော့ ပိန်းရာကျချင် ကျနေလိမ့်မယ် ..
ဘာပဲဖြစ်ဖြစ် ... ဂျမ်နဲ့သူ ဒီပစ္စည်းပေါ်မှာ နှစ်ယောက်တူတူ ထူးဆန်းထွေလာ ဆော့ကစားနိုင်မယ့် အခွင့်အရေးတွေကို စဉ်းစားလိုက်တော့ .. ဈေးများနေတဲ့ အချက်က အလိုလို မှေးမှိန်သွားပါရော ...
မနေ့ညက ဝယ်မယ်လို့ ဆုံးဖြတ်ချက်ချအပြီးမှာ ... ဆိုင်ကို ဖုန်းဆက်ကြည့်လိုက်တော့ .. ဆိုင်ရှင်က ဝမ်းပန်းတသာ လေသံနဲ့ ဒီပစ္စည်းကို ကျနော် ဝယ်ဖြစ်မယ် ဆိုတာ သူ ကျိန်းသေသိနေကြောင်းနဲ့ ... Delivery ကို Free ပေးမယ့် အကြောင်း ရွှန်းရွှန်းဝေအောင် ပြောလာတယ် ..
အဲဒါနဲ့ ဂျမ်လည်း ပစ္စည်းကို မဝယ်ခင်မျက်မြင်တစ်ခေါက်လောက်ကြည့်ချင်သေးလို့ ... ညနေရုံးဆင်းတော့ ဆိုင်ရှိရာကို ထွက်လာခဲ့သည်... Christmasရာသီမို့ Parking အခက်အခဲ ဖြစ်မှာစိုးလို့ ရုံးနဲ့ နှစ်မှတ်တိုင်စာပဲ ဝေးတဲ့ ရှေးဟောင်းပစ္စည်းဆိုင်ဆီကို အေးအေးလူလူပဲ လမ်းလျှောက်ထွက်လာခဲ့တာပေါ့ ...
YOU ARE READING
ဒီဇင်ဘာပုံပြင်
Fanfictionဒီမြို့လေးရဲ့ လူသန်းပေါင်းများစွာထဲ မင်းကိုကိုယ်တွေ့ခဲ့တယ်