7

326 50 13
                                    

ပြိုင်ပွဲပြီးရင် ညစာစားကြမယ်လို့ ကတိထားခဲ့သည့်အတိုင်း ခွန်ဂျမ့်ကားဖြင့် မြစ်ဆိပ်ဘက်ကို ထွက်ခဲ့ကြသည်။ မြစ်ဆိပ်ရဲ့ Public Area‌ တွေ တ‌လျှောက် Christmasကို ကိုယ့်ရဲ့အရင်းနှိးဆုံး ရင်ခွင်‌တွေနဲ့ သိုက်သိုက်ဝန်းဝန်း ဖြတ်သန်းနေသူများကို ကြည်နူးစရာတွေ့နေရသည်။

မြို့ထဲတိုက်ခန်းတွေကနေ လှမ်းမြင်နေရတတ်တဲ့ Ferris Wheelကြီးရှိ‌ရာ River work ကစားကွင်းကိုပါ ကျော်သွားပြီး ခွန်ဂျမ်က ဆက်မောင်းနေတော့ ဖော့သ်စိတ်ထဲ တစ်မျိုးတစ်မည်ဖြစ်လာသည်။ ကစားကွင်းဧရိယာထဲက စားသောက်ဆိုင်တွေဆိုရင်ပဲ အ‌တော်စျေးကြီးနေပြီ မဟုတ်လား။

မြစ်ပြင်ကျယ်ထဲသို့ ကျွန်းဆွယ်သဖွယ် ငေါထွက်‌‌နေတဲ့ အီရီကမ်းပါးပေါ်ကို မေးတင်ထားသည့် Temple Ton ဆိုတဲ့ Fine Dining ကို ရောက်တော့ ခွန်ဂျမ်က ကားကို ဆိုင်ဝန်းထဲ ချိုးဝင်သွား၏။ ဒီနေရာက မြစ်ဆိပ်ရဲ့ အလှဆုံးအပိုင်းကို ယူထားတာမို့ ရှုခင်းက သိပ်ကိုခန့်ညားသည်။ ဆိုင်အပြင်အဆင်ကလည်း Luxuryဆန်လွန်းတော့ လူကုံထံအသိုင်းအဝိုင်းလောက်သာ လာနိုင်မယ့်ပုံစံပါ။ ဖော့သ်ဆို ဒီလိုဆိုင်မျိုးရှိမှန်း အခု ရောက်ဖူးမှပဲ သိတာမျိုးလေ။

"မီးလင်းဖို ပါတဲ့စားပွဲ booking တင်ထားတာဗျ ... Gemini Norawit နာမည်နဲ့ "

ကားပါကင်ကို ထွက်ကြိုပေးတဲ့ ဝန်ထမ်းလေးကို ဂျမ်ပြောလိုက်ပြီး ဖော့သ်တို့ ကားထဲကထွက်တာကိုစောင့်နေလိုက်သည်။ အငယ်လေးနှစ်ယောက်ကတော့ ပျော် နေတဲ့ပုံပဲ။ ကျွန်းဆွယ်ထိပ်က မီးပြတိုက်ကြီးကို မြင်ကာ တမေ့တမောနဲ့။ တစ်ယောက်ခါးကို တစ်ယောက်ဖက်ပြီး မြစ်ထဲကို ထိုးထားတဲ့ ကုန်းပတ်ပေါ်တက်သွားလိုက်တာ ဂျမ်တို့ကိုတောင် မစောင့်။

"လာလေ ဖော့သ် ... Receptionမှာ Menuတစ်ချက်သွားရွေးပြီးရင် ထိုင်ကြမယ်နော်"

ဖော့သ်မျက်နှာလေးက မအီမသာနဲ့မို့ ဂျမ်တစ်ချက်စိတ်ပူသွားသည်။ နေမကောင်းတာလား။ ဒါမှမဟုတ် ဆိုင်ကို မကြိုက်လို့များလား။

ကောင်လေးသုံးယောက်ကို မြို့အပြင်ဘက်က Luxury ဆန်ဆန် Christmas အတွေ့အကြုံကိုလည်း ဖြတ်သန်းစေချင်တာရယ်၊ မွေးရပ်မှာ ပင်လယ်စာတွေ ဖောဖောသီသီ စားခဲ့ရမယ့် ပတ္တရားသားလေး နှစ်ယောက်ကို ပင်လယ်စာ အဝကျွေးပြီး ကျေးဇူးတင်ချင်တာကြောင့် ဒီဆိုင်လေးကို ဂျမ်မနိုင် ရွေးခဲ့ခြင်းပါ။

ဒီဇင်ဘာပုံပြင်Where stories live. Discover now