လဲနေတဲ့ နှင်းလူသားလေးကို သူ့ရဲ့ဝတ်စုံ ပုံ့ပုံ့ကြီးထဲကနေ ဆွဲထုတ်ပစ်ဖို့ ဖော့သ်တို့ ကြိုးစားနေကြတုန်း နောက်ထပ်နှင်းလူသားတစ်ရုပ်က လမ်းတစ်ဖက်ခြမ်းကနေ လုံးလုံးလုံးလုံးနဲ့ အနားကို ပြေးလာ၏။ ပြီးမှ သူ၏ အရုပ်ခေါင်းစွပ်ကို အလောတကြီးချွတ်ချလိုက်ကာ
"ဟာ့တ် .. ဘေဘီ မင်းအဆင်ပြေရဲ့လား"
ခုနက မျက်နှာတစ်ချက်မမဲ့သည့် ဟာ့ထ်ဆိုသည့် လဲသွားတဲ့နှင်းရုပ်ထဲက ငတိလေးက အခုကျ ငိုမဲ့မဲ့နဲ့ သူရဲ့ လက်တွေကို ဆန့်တန်းကာ ပြေးလာသည့်နှင်းရုပ်ကလေးကို ဖက်ပေးရန် အမူအရာပြသည်။
ပြေးလာသည့် နှင်းလူသားလေးကလည်း အနားမှာဒူးတုပ်ထိုင်ချကာ ဟာ့တ်ကို ပွေ့ပြီး ခေါင်းချင်းဝှေ့ကာ တင်းနေအောင် ဖက်ထား၏။
"မင်းကိုငါ ...တစ်နေရာတည်းပဲရပ်ပါ ... အဝေးကြီးမသွားပါနဲ့လို့ပြောထားရဲ့သားနဲ့ကိုကွာ"
Awwww... Woww.... It's so adorable.
နှင်းရုပ်လေးနှစ်ရုပ်ရဲ့ ရင်ငွေ့လှုံနေသည့် မြင်ကွင်းကြောင့် လူအုပ်ထဲမှာ ချစ်ဖို့ကောင်းတဲ့ အာမေဋိတ်သံတွေ ညံသွားကာ တချို့လူငယ်တွေက ဖုန်းနဲ့ လက်ကိုင်ကင်မရာလေးတွေကို ထုတ်ပြီး မှတ်တမ်းတင်နေကြသည်။
အားလုံးကြည်နူးနေကြသည့်အချိန်မှာမှ မကြည်နူးနိုင်ဘဲ ပြဿနာထလုပ်သည်က နောက်မှရောက်လာသည့် နှင်းလူသားလေးဖြစ်သည်။
"ခုနတုန်းက သူ့ကို ဘယ်သူတွေ တွဲကခိုင်းတာလဲ .. ကျနော် ဟိုဘက်မှာ ဓာတ်ပုံလာရိုက်တဲ့သူတွေများနေလို့ ချက်ချင်းမလာနိုင်ပေမယ့် လှမ်းမြင်လိုက်တယ်နော်"
"သူတို့ ... သူတို့"
လူအုပ်ကြီးရဲ့ လက်ညှိုးပေါင်းတစ်ရာက ဂျမ်မနိုင်နဲ့ ဖော့သ်ကို ဦးတည်ကာ တက်ညီလက်ညီ ဝိုင်းပြီး ညွှန်ပြတာကြောင့် ဂျမ်တို့ နှစ်ယောက်လုံး ကြောင်အသွားကြသည်။
"လီ.......မင်......"
ဂျမ်မနိုင်တို့ကို ရန်လုပ်နေမှန်းသိသွားတော့ ဟာ့တ်က ခေါင်းတွေရမ်းကာ သူ့ဘေးက နှင်းလူသားကို ဆက်မပြောဖို့ လက်ဟန်ပြသည်။ ဟာ့ထ်ရဲ့ အသံရှည်ဆွဲကာ အားထည့်ပြီးပြောနေရတဲ့ အသံကြောင့် ဒီကောင်လေးက အာရုံကြောပိုင်း တစ်ခုခု ထိခိုက်ပျက်စီးနေသူမှန်း ဂျမ်နားလည်လိုက်၏။
YOU ARE READING
ဒီဇင်ဘာပုံပြင်
Fanfictionဒီမြို့လေးရဲ့ လူသန်းပေါင်းများစွာထဲ မင်းကိုကိုယ်တွေ့ခဲ့တယ်