3

376 48 8
                                    

"ဘာဖြစ်လို့လဲ .. မင်းရဲ့ချစ်သူက ယောကျ်ားလေးတစ်ယောက် ဖြစ်နေလို့လား"

‌ထိုခဏမှာ ဂျမ်တို့ရဲ့ အော်ဒါကို စားပွဲထိုးလေးက လာချပေးသောကြောင့် ခဏတာ စကားပြတ်သွားခဲ့သည်။
ဖောသ့်က မစပ်ရသေးတဲ့ Coffee setကို သူ့ဘက်လှမ်းယူဖို့ပြင်‌တော့ ဂျမ်က လက်ကို ဟန့်လိုက်ပြီး Coffee set နှစ်ခုစလုံးကို ဖော့သ်ဘက်ကို ထိုးပေးလိုက်ကာ...

"Latteက မင်းအတွက်..
စပ်ရမယ့် ခွက်က ကိုယ်သောက်ဖို့ မင်းစပ်ပေး"

ကောင်လေး၏ မျက်ဝန်းတွေ လခြမ်းကွေးသဏ္ဌာန် ဖြစ်သွားသည်အထိ ပြုံးသွား၏။ သူ့လက်ရာကို ဂျမ်လို ကြီးကျယ်ပုံ ပေါက်တဲ့ ငနဲတစ်‌ကောင်က သောက်လိမ့်မယ်လို့ သူတွက်မထားပါ။

ဖောသ့်က ကော်ဖီကို နည်းနည်းချင်း စိတ်ဝင်တစားစပ်သည်။ အားလုံးပြီးတော့ အပေါ်ယံအမြှုပ်လေးတွေက Santa Claus အဘိုးအို၏ မျက်နှာနဲ့ ခပ်ဆင်ဆင် ပုံစံ‌လေး။

"ခင်ဗျားခန့်မှန်းတာမှန်ပါတယ် ..
ဒါပေမဲ့ လိင်တူချစ်သူချင်းဖြစ်ဖြစ် လိင်ကွဲချစ်သူချင်းပဲဖြစ်ဖြစ် လက်ဆောင်တစ်ခုရဲ့ စိတ်ခံစားမှု တန်ဖိုးက အတူတူပါပဲ။ ဥပမာ ဒီကုတင်ကို ကျ‌နော် ရလိုက်ရင် ကျနော်တို့ ချစ်သူနှစ်ယောက်က ကုတင်ပေါ်မှာ ဘုရားမကြိုက်တဲ့ အပြစ်တွေကျူးလွန်ကြမယ်။ ခင်ဗျားနဲ့ ခင်ဗျားရဲ့ချစ်သူကတော့ လောကရဲ့ ဘောင်ဝင်တဲ့မေတ္တာတွေနဲ့ အဆင့်အတန်းရှိရှိ မျိုးဆက်ပွားကြမယ်။ အဲဒီလို မဆိုနိုင်ဘူးလေ"

ဂျမ့်ဘက်ကို ကော်ဖီခွက်လေး တရိုတသေပေးလာလို့ ဂျမ်သောက်ကြည့်နေတုန်း ဆရာသမားလေးရဲ့ ခံယူချက်အကြောင်းတွေ ပညာပေးအစီအစဉ်လေးတစ်ဖြတ် နာယူလိုက်ရသည်။

"whoa ... whoa ..လျှော့ပါဦး .. ကိုယ်ဘက်က မင်းရဲ့ လိင်စိတ်ကို ခန့်မှန်းမိလိုက်တယ်ဆိုတာနဲ့ပဲ မင်းအပေါ် ခွဲခြားခွဲခြားလုပ်တော့မယ်လို့ လောပြီး ကြိုမတွက်လိုက်နဲ့လေ"

ဖောသ့် သာမန်ထက်ပိုပြီး ထိလွယ်ရှလွယ် ဖြစ်နေတာကို ဂျမ်မနိုင် နားလည်ပေးနိုင်ပါသည်။ သူကိုယ်တိုင်လည်း ဒီမြို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ ဒီလိုအသက်အရွယ်နဲ့ ရှင်သန်ခဲ့ရဖူးသည်ပဲ။

ဒီဇင်ဘာပုံပြင်Where stories live. Discover now