Christmasအလွန် တစ်ရက်၏ မနက်ခင်းက နေမထွက်ဘဲ သိသိသာသာ မှိုင်းညို့အေးစက်နေသည်။ ရာသီဥတုက ဒီတစ်ပတ်အတွင်း ဆောင်းတွင်းဘက်ကို ပြောင်းလာလိုက်တာ မနေ့က ညသန်းခေါင်မှာ နှင်းမိုးတွေသဲပြီး ကားလမ်းချော်တာကြောင့် လီမင်နှင့် ဟာသ့်ကို ပြန်ပို့ဖို့ လုံးဝအဆင်မပြေတော့လို့ ဆိုင်နားမှာရှိတဲ့ ဘန်ဂလိုတစ်လုံးမှာပဲ Check-inဝင်ပေးပြီး ညသိပ်လိုက်ရသည်။
"ဖီ ....ဂျမ် ...."
ဝရန်တာမှာ ထိုင်နေတုန်း ဟာ့သ်က Coffeeနှစ်ခွက်ကိုင်၍ အနားရောက်လာပြီး ဂျမ့်ကို တစ်ခွက်လှမ်းပေးကာ ဘေးနားဝင်ထိုင်သည်။ ဒီကလေးရဲ့ နှုတ်က ခေါ်ချင်လောက်အောင် အားစိုက်ထုတ်တဲ့ နာမည်ထဲမှာ ဂျမ့်နာမည်လည်း ပါသွားပြီမို့ အံ့ဩသွားရ၏။ လီမင်ကလည်း Ginger Tea ခွက်လေးကိုင်ကာရောက်လာပြီး မိုတယ်က ပြင်ဆင်ပေးသည့် မနက်စာဗန်းလေးကို ဂျမ်မနိုင့် ရှေ့ကစားပွဲမှာချပေးသည်။
"ခင်ဗျားက ရေခဲလူသားလား .. ခွန်ဂျမ်ရယ် .. မအေးတတ်တဲ့အတိုင်းပဲ "
လီမင်က တလှပ်လှပ်လွင့်နေသော လိုက်ကာအဖြူကြီးကို ဆွဲသိမ်းကာ ဝရန်တာ၏ မှန်တံခါးချပ်တွေကို အပြေးပိတ်လိုက်၏။ မနက်စာကို သူတို့နှစ်ယောက်ထဲပဲ အခန်းထဲမှာ နွေးနွေးထွေးထွေး စားလို့ရပါရက်နဲ့ ဂျမ် ထိုင်နေတဲ့ နေရာကို တူတူလာစားကြတာ ဖြစ်သည်။ မနေ့ညထဲက ဂျမ်မနိုင် အပြောအဆိုနည်းသွားကာ မျက်နှာမကောင်းတာကြောင့် ပိုပြီး ဂရုစိုက်ပေးနေကြတာများလား။
"စားကြမယ်လေ ...ခွန်ဂျမ် ...
ကျနော် စာပို့ပြီး မေးလိုက်တယ် ...
ဖီဖော့သ်က သူ ညက မုန်တိုင်းလွတ်တယ် မစိုးရိမ်ပါနဲ့တဲ့"ဖောသ့်နဲ့ ဖြစ်ခဲ့ကြတဲ့ အခြေအနေကို မနေ့ညက ဂျမ် ပြောပြတော့ ကလေးနှစ်ယောက်ကပါ ဒေါသတွေ ဖြစ်ပြီး လိုက်သွားမယ် တကဲကဲလုပ်နေတာ။
ဒါပေမယ့် တကယ်တမ်းတော့ ဖော့သ် ဘယ်နားမှာနေသလဲ ဘယ်သူကမှ သေချာမေးမထားမိ။"ဖီဂျမ် ဘယ်လိုဆက်လုပ်ဖို့ စဉ်းစားထားလဲ ...ကျနော်တို့ ဝင်ပါကြမှာလား .. လွှတ်ထားရမှာလား"
"ဘာလုပ်ဖို့တုန်း ဘေဘီရယ် ... သူများ သမီးရည်းစားကြား မဝင်ကောင်းပါဘူး.."
YOU ARE READING
ဒီဇင်ဘာပုံပြင်
Fanfictionဒီမြို့လေးရဲ့ လူသန်းပေါင်းများစွာထဲ မင်းကိုကိုယ်တွေ့ခဲ့တယ်