ရောင်းစရာလက်မှတ် ကုန်ပြီမို့ လမ်းမလျှောက်တော့ဘဲ MRT စီးလာသည့် လီမင်နှင့် ဂျမ်မနိုင်က တံတားလေးပေါ်ကို ဖောသ့်နှင့် ဟာ့တ်ထက် အစောကြီးရောက်နှင့်သည်။
ဂျမ်မနိုင့် စိတ်ထဲမှာ ဖော့သ်လည်းပဲ လက်မှတ်တွေအကုန် ရောင်းထွက်သွားပါစေလို့ ဆုတောင်းနေမိသည်။ အနည်းဆုံးတော့ သရေကျတယ်ဆိုရင် ဂျမ်မနိုင့်စိတ်ထဲမှာ နောက်တစ်ပွဲအတွက် မလုံမလဲ ခံစားနေစရာ မလိုတော့ဘူး။
လီမင်ကတော့ ရုံးကလူတွေကိုရောင်းလိုက်သည့် အစောင်ရေတွေကိုလည်း သူနဲ့ဟာ့တ်က မဖြစ်မနေ ထည့်တွက်မည်ဟု ဆိုလာသည်။
"ခိုင်လုံတဲ့အကြောင်းပြချက်ပေးပါ ဆိုရင်တော့ ကျနော်တို့က အဲဒီကုတင်ကို ဖီဖော့သ် လက်ထဲကို လုံးဝမရောက်စေချင်လို့ပဲ....
ကလေးဦးနှောက်နဲ့ တွေးရင်တောင် သိတယ် ..
ဖီဖော့သ် လုပ်နေတာကြီးက ဘယ်လောက်တောင် ရူးမိုက်တဲ့လုပ်ရပ်လဲဆိုတာ""ကိုယ်က မင်း ဖော့သ်ကို အနိုင်ရစေချင်မယ် ထင်တာ ...
အနည်းဆုံးတော့ ကိုယ့်ကိုကြည့်မရလို့ ဖြစ်ဖြစ်ပေါ့""ခွန်ဂျမ်ကရော ကျနော်တို့နဲ့ သဘောထားချင်း မတိုက်ဆိုင်လို့လား ... ပြိုင်ပွဲကို လုပ်တယ်ဆိုထဲက ခွန်ဂျမ် နိုင်ချင်လို့ပဲလေ"
မနိုင်ချင်ပါ။ ဖော့သ် အသိတရားရလာအောင် အချိန်ဆွဲလိုခြင်းနှင့် ဒီကြားထဲမှာ ဖော့သ်အကြောင်းတွေ ပိုသိခွင့်ရချင်မိလို့ဆိုရင် ပိုမှန်လိမ့်မည်။ ဂျမ်မနိုင်က သောက်လက်စ E-Cigerကို တစ်ချက်ရှိုက်ပြီး သူ့အတွေးကို လီမင့်အား ပြောသင့်ပြောမသင့် ချိန်ဆနေသည်။
"မင်း သောက်တတ်လား .. ကိုယ့်မှာ Vapeတစ်ချောင်းပါသေးတယ်"
"နေပါစေ ဟာ့တ်က အနံ့မကြိုက်လို့"
ဂျမ်မနိုင် ပြုံးမိသည်။
"ဟာ့တ်ကို မင်းသိပ်ချစ်တာပဲလား"
ကိုယ်ရေးကိုယ်တာဆန်သည့် ဂျမ်မနိုင်ရဲ့ မေးခွန်းအတွက်ကတော့ လီမင့်ဆီက မာမာထန်ထန် အကြည့်တချက်ကိုရသည်။
ဂျမ်မနိုင့်ဆီက ဒါလေးမေးတာ ဒီလောက်ကြည့်စရာအကြောင်းရှိလားလို့ အဓိပ္ပါယ်ရသည့် ခပ်ရွှတ်ရွတ်အပြုံးနဲ့ မျက်လုံးကြောင့် ရိုးရိုးသားသားပဲ မေးတာဖြစ်ကြောင်း သိလိုက်တော့ လီမင်သက်မတစ်ချက်ချပြီး ..
YOU ARE READING
ဒီဇင်ဘာပုံပြင်
Fanfictionဒီမြို့လေးရဲ့ လူသန်းပေါင်းများစွာထဲ မင်းကိုကိုယ်တွေ့ခဲ့တယ်