မြို့တော်ခန်းမရှေ့က Christmas parade ပြပွဲကို ကြည့်ပြီးတာနဲ့ ကိုယ်စီ အိမ်ပြန်ဖို့ ဆုံးဖြတ်ထားတဲ့ ဂျမ်နဲ့ ဖောသ့်ဟာ အခုတော့ တစ်နွယ်ငင် တစ်စင်ပါပြီး အသစ်စက်စက် သူငယ်ချင်းပေါက်စလေးတွေကို သူတို့နေထိုင်ရာ ဆွံအနားမကြားဂေဟာရှိသည့် Church ကျောင်းသို့ လိုက်ပို့ရဖို့ ဦးတည်ချက်ပြောင်းသွားကြသည်။လီမင်နဲ့ဟာ့တ်က နှင်းလူသားဝတ်စုံတွေ ထည့်ထားတဲ့ အထုပ်ကြီးတွေကို ပြန်သယ်ရမှာဖြစ်ပြီး ဟာ့တ်လေးက စက်ဘီးဝင်တိုက်ခံရတဲ့ အရှိန်နဲ့ သူ့ရဲ့ ညာဘက်ခြေထောက်နာသွားတာကို စုံတွဲကကြတဲ့အချိန်မှ သိလိုက်တာတဲ့။
လောလောဆယ် Taxiငှားပေးလိုက်ရင်လည်း ပွဲတော်ရာသီမို့ လမ်းမတွင်နိုင်တာကြောင့် သုံးဘလောက်စာပဲ ဝေးသည့် Church ကျောင်းဆီသို့ ကိုယ်တိုင်ပဲ သယ်ပိုးပြီး လိုက်ပို့ကြဖို့ ဂျမ်နဲ့ ဖောသ့် ဆုံးဖြတ်လိုက်ရတာဖြစ်သည်။
(ဒီ နှစ်တွဲမှာလေ .. ပုံဖော်ကြည့်ရတာ လူထပ်မှာစိုးတယ်နော် .. GemFotကို နောက်ဆယ်နှစ်မှာ အရပ်ပိုမြင့်၊ Muscleတွေများလာပြီး ရင့်ကျက်ချောမောနေတဲ့ ပုံစံနဲ့ မြင်ပေးပါ LimingHeartကို MLCထဲက အရွယ်အတိုင်း မြင်ပေးပါနော်)
ဝတ်စုံနှစ်စုံကို ဖောသ့်နှင့် လီမင်က တစ်ထုပ်စီဆွဲကာ ဂျမ်မနိုင်ကတော့ ဟာ့တ်ကိုကုန်းပိုးလျက်နဲ့ လျှောက်လာကြသည်။
ပထမတော့ လီမင်က ဟာ့တ်ကို သူ့ဘာသာပဲ ကုန်းပိုးမယ် လုပ်နေတာ။ ဖောသ့်တို့က သူလည်း တစ်ညနေလုံး မတ်တပ်ရပ်ထားလို့ ပင်ပန်းပြီးနေမကောင်းဖြစ်ရင် ဟာ့တ်ကို မစောင့်ရှောက်နိုင်မှာ စိုးရိမ်ကြောင်း မနည်းဖြောင်းဖျမှ လက်ခံတော့သည်။
အမှန်တော့ သူရဲ့ ဟာ့တ်လေးကို ရုပ်ချောချော စတိုင်ကျကျ ဂျမ်မနိုင်နဲ့ အသားချင်းထိတွေ့နေမှာကို လီမင် အူတိုခြင်း ဖြစ်ကြောင်း ဂျမ်ရော ဖောသ့်ပါ ရိပ်မိကြပါသည်။ အဆင်ပြေသွားအောင် ဖော့သ်က ဟာ့တ်ကို ထမ်းမယ်ဆိုတော့လည်း ဂျမ်က မင်းပင်ပန်းမယ်ဆိုပြီး လက်မခံပြန်။
YOU ARE READING
ဒီဇင်ဘာပုံပြင်
Fanfictionဒီမြို့လေးရဲ့ လူသန်းပေါင်းများစွာထဲ မင်းကိုကိုယ်တွေ့ခဲ့တယ်