ep.28

1.3K 129 57
                                    

လွန်ခဲ့သော၁၇နှစ်.....

               ဂိုဆောအာ အတွက် အခက်အခဲဆုံးနဲ့ အဆိုးဝါးဆုံးနှစ်တွေထဲကတစ်နှစ်ပေါ့။

                 သူ့မဘဝမှာ...မိန်းကလေးချင်းချင်းချစ်မိလိမ့်မယ်လို့... တစ်ခါမှယောင်လို့တောင်မတွေးမိခဲ့ဘူး။ jeon somi ဆိုတဲ့..မိန်းကလေးကိုတွေ့တော့..တစ်ခါမှမဖြစ်ဖူးတဲ့ခံစားချက်တွေ..ဆောအာရင်ထဲက်ို ဖောက်ဝင်လာပြီ..နှလုံးသားရဲနက်ရှိုင်းဆုံးနေရာအထိ တိုးဝင်လာခဲ့တယ်။ဒါကလွန်းလွန်းတယ့်မဟုတ်လား..မိန်းကလေးချင်းချင်းကို...အဲနှလုံးသားလေးက...အဲလောက်ထိရင်ခုန်စိတ်လှုပ်ရှားပြီ..ထိလွယ်ရှလွယ်ဖြစ်စရာလိုလို့လား...သူ့များတွေကြားရင်..လှောင်ရီစရာတွေဖြစ်တော့မှာပဲ။

               အသိုင်းအဝိုင်းကြီးမျိုးရိုးမြင့်..ဆေးကျောင်းသူ somi က.. နုံချာပြီ ရုပ်ရည်ရူပကလွဲ..ဘာမှချပြစရာမရှိတဲ့.သူ့မကို...ချစ်ခွင့်ပန်လာတဲ့နေ့က...သူ့မအတွက် မေ့မရနိုင်ဆုံးနဲ့..ကံကောင်းဆုံးနေ့လေးတစ်နေ့ပေါ့။ ဗလတောင့်တောင့် အရပ်မြင့်မြင့် ရင်အုပ်ကျယ်ကျယ် ယောကျာ်းသားတွေ ချစ်ခွင့်လာပန်တုန်းကတော့..မလှုပ်မယှက်ငြိမ်သက်အိပ်ပျော်နေပြီမှ..ခပ်ငယ်ငယ်မိန်းကလေးတစ်ယောက် ချစ်ခွင့်ပန်လာတာကိုကျ....မိုင်ပေါင်းထောင်ချီဝေးကွာနေပြီး..ရုတ်တရက်ကြီး .အရှင်သခင်ကိုပြန်တွေ့လိုက်ရသလို့...ခုန်ပေါက်မြူးထူးပျော်ပါးနေလိုက်တာ..အပြင်ကလူတောင် ခြေမခိုင်ပဲ ယိုင်နဲတော့မလို့ပဲ။

                သူ့မတို့နှစ်ယောက်လုံး တစ်ယောက်မျက်စိအောက်ကတစ်ယောက်ပျောက်မခံနိုင်တဲ့အထိ...ချစ်ကျွမ်းဝင်ခဲ့တယ်။ တစ်ယောက်မျက်နှာကိုတစ်ယောက်ငေးပြီ... လိုအင်ဆန္ဒတွေ အပြန်အလှည်ဖြည့်ဆည်းခဲ့ကြတယ်။ သန်းခေါင်ယံညနက်လူခြေတိတ်တဲ့အချိန်ရောက်တာတောင်..သူ့မတို့ချစ်သူ့နှစ်ယောက်ရဲ့ချစ်ရထားကြီးက အရှိန်အဟုန်နဲ့ မမောနိုင်မပန်းနိုင် မောင်းနှင်းခရီနှင်နေတုန်း။ ချစ်သူ့သက်တမ်းတစ်လျှောက်..အကြိမ်ကြိမ်သွားဖူး..ရောက်ဖူးခဲ့တဲ့..ဤခရီး..ဤနေရာဟာလဲ...အဆုံးသတ်ဆီရောက်တိုင်း...စိတ်ကျေနပ်မူနဲ့..ပျော်ရွှင်မူကို အမြဲပေးစွမ်းခဲ့သည်။

မြေဇာပင်Tempat cerita menjadi hidup. Temukan sekarang