လီလီ အခုတလော....ခန္ဓာကိုယ်ကနေရတာ သိပ်အဆင်မပြေသလို့ပဲ....တချို့ရက်တွေဆို..ဘယ်ဘက်ရင်ဘတ်ထဲက..အောင့်ပြီး အသက်ရှုမဝသလို့ခံစားရတယ်။
မာမီ ပေးထားတဲ့ဆေးတွေကိုလဲ...အလုပ်များလို့..မသောက်ဖြစ်တဲ့ရက်တွေလဲရှိတယ်။ မနက် ၆နာရီဆို..လီလီ မှာ ထနေရပြီး..အန်တီ jane က..သူ့ထက် အရင်နိုးနေမှကြိုက်တယ်..နောက်ကျရင်..ဆူလို့မပြီးတော့ဘူး။
အခုလဲ..နေလို့သ်ိပ်မကောင်းပေမဲ့...လီလီ မှာထလာရတယ်....ရေချိုးခန်းထဲဝင်..တစ်ကိုယ်ရေသန့်ရှင်ရေးလုပ်ပြီးတော့...အန်တီ jane လဲ နိုးလာတယ်။ အန်တီ jane ရေဝင်ချိုးနေတုန်း..လီလီ က..အန်တီ jane အိပ်ရာကို သပ်သပ်ရပ်ရပ်ဖြစ်အောင်.. ခေါင်းအုံတွေပြင်..စောင်ကိုခေါက်ပြီး..ကြက်မွှေးလေးနဲ့..အိပ်ရာခင်းကို သန့်ရှင်းပေးလိုက်တယ်..ပြီး..ထုံးစံအတိုင်း ...တဘက်လေးကိုပိုက်ကာ..အန်တီ jane အထွက်လာကို.ရေချိုးခန်း.တံခါးဝကနေစောင့်နေလိုက်တော့သည်။
jane:::: ဒီနေ့..suti ပဲ ဝတ်မယ်...နက်ကတိုင် ပါ ထုတ်ထား
lisa:::: ဟုတ်ကဲ့
အန်တီ jane..က...မှန်တင်ခုံအရှေ့မှာ အလှပြင်နေပြီး...လီလီ ကတော့ အန်တီ jane ဝတ်ဖို့..အကျီတွေ..အတွင်းခံတွေပါမကျန် ..အဆင့်သင့်ထုတ်ထားလိုက်တယ်။ အိမ်ထောင်ရေးအကြောင်းကို...လီလီ နားမလည်ဘူး...လီလီ သိတာတစ်ခုက..အန်တီ jane ကို ကြောက်တာပဲ။
အန်တီ jane ရဲ..ဇနီးမဟုတ်သော...အိမ်ဖော်မဟုတ်သော.ထိန်းချုပ်မူတစ်ခုအောက်မှာ.....လီလီ အခုဆို..တော်တော်ကိုလုပ်တတ်နေပြီးလို့ပြောရမယ်။ မားမား နှင့် မာမီ လက်ထပ်မှာ.. ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် နေလာခဲ့ရသော်လည်း...အခုချိန်မှာတော့..လီလီ ဟာ..အန်တီ jane ရဲ့ ခိုင်းဖတ်သာသာပဲဖြစ်နေတော့သည်။
အန်တီ jane ရဲ..အလှပြင်ဆင်ခြင်းပြီးတော့..အဝတ်အစားကူဝတ်ပေးရတယ့်...အကျီကြယ်သီးတွေကို..တစ်လုံးချင်း သေချာတပ်ပေးအပြီး...နက်ကတိုင်စည်းတဲ့အချိန်မှာတော့....
ဒေါက်
အန်တီ jane ရဲ..လက်က..လီလီ ခေါင်းပေါ်ကျလာတယ်...အခေါက်ခံရတဲ့နေရာက. အရမ်းနာတာကြောင့်...လီလီ မှာ...မျက်ရည်လေးတွေတွဲခိုရာကလွဲ..ဘာမှအထွန့်မတက်ရဲ။
![](https://img.wattpad.com/cover/297199091-288-k725560.jpg)