ခွဲစိတ်ပြီးနှစ်ပတ်အကြာတော့......ကလေးငယ်ရဲ့ ကျန်းမာရေးဟာလဲ....လုံးဝကောင်းလာနေပြီးဖြစ်သည်။ အခုတော့....မိသားစုဝင်တွေအားလုံးဟာ....... စိုးရိမ်ပူပန်မူတွေလျော့နည်းပြီး..... ပျော်ရွှင်နေကြပြီးဖြစ်သည်။
ဒီနေ့တော့.....ယောက္ခမတွေရဲ့ခွင့်ပြုချက်အရ....... jane နဲ့ ကလေးငယ်ဟာ.... ဆိုးလ်ကိုမပြန်ခင်...ဟိုဟိုဒီဒီလေးတွေ....လျှောက်လည်ဖို့ထွက်လာခဲ့တယ်။ ဗိုက်ဆာတယ့်လို့ပြောတဲ့... ကလေးငယ်ကြောင့်.....လေကောင်းလေသန့်ရပြီး....အေးဆေးတဲ့ ပန်းခြံတစ်ခုထဲက...စားသောက်ဆိုင်ကို ခေါ်လာလိုက်တယ်။
jane:::::: ကလေး...ဘာစားမှာလဲ
lisa:::::: ပါစတာ စားမယ်...ပြီး ရေခဲမုန့်ရော
jane::::: ရေခဲမုန့်တော့မစားပါနဲ့အုန်း....အဲအစား...ချော့ကလက်ပူပူလေးသောက်လိုက်ပါလား....ရာသီဥတုကအေးနေတယ့်လေနော်
ရေခဲမုန့်မစားရလို့.....ဘဲပေါက်လေးလို့...နှုတ်ခမ်းလေးထော်လာတဲ့ ကလေးငယ်လေးကို....အသဲယားလွန်းလို့....ပါးဖောင်းဖောင်းလေးကို...လိမ်ဆွဲလိုက်တယ်။
jane:::::: နောက်မှ....အန်တီ jane ဝယ်ကျွေးမယ်လေ.....ကလေးက လိမ်မာပါတယ်.... ဒါလေး အရင်စားထားလိုက်နော်
lisa:::::: နောက်တစ်ခါဆို....နှစ်ခု ဝယ်ကျွေးရမယ့်
လက်ညိုးလေးနှစ်ချောင်းထောင်ပြီး....နှုတ်ခမ်းတစ်စူစူနဲ့ပြောနေတာလေးက...ချစ်မွှေးလေး။
စားသောက်ပြီးတာနဲ့...ပန်းခြံထဲမှာ...လက်ချင်းတွဲပြီးလျှောက်လည်ဖြစ်တယ်။
lisa::::: ဝိုး......နေကြာတွေ...ပျော်စရာကြီး
နေကြာတွေကိုတွေ့တော့....ကလေးက....ဝမ်းသာအားရ ခုန်ပေါက်ပြီး....ပျော်နေရှာတယ်။ကလေးလေးက.... နေကြာတွေဘက်ကို....အာရုံရောက်နေတုန်း..jane က....ဘောင်းဘီအိတ်ကပ်ထဲကလက်စွပ်ဘူးလေးကို....ထုတ်လိုက်ပြီး....အဖုံးလေးကိုဖွင့်ကာ..ဒူးထောက်ထိုင်ချလိုက်တယ်.....
lisa::::: အန်တီ jane...နေကြာတွေကအရမ်းလှတာပဲ....ဟင်
ဒူးထောက်ထိုင်နေတဲ့jane ကိုတွေ့တော့....ကလေးက....အရမ်းအံ့သြသွားတာထင်တယ်....ပါးစပ်လေးဟပြီး....အာမေဋိတ်အသံတွေတောင်ထွက်လို့။
