'''somi...လီလီလေး...အဆင်ပြေရဲ့လား..
ဘယ့်များဖြစ်သွားသေးလဲဟင်''''အရမ်းအရေးကြီးနေတယ်...ဆေးရုံကိုမြန်မြန်လာခဲ့တော့ဆိုတဲ့...somi ရဲ့...ဖုန်းဆက်ခေါ်မူကြောင့်....လုပ်လက်စအလုပ်တွေကို ပစ်ချထားခဲ့ပြီး။.လီလီလေးများ တစ်ခုခုဖြစ်သွားတာလဲဆိုတဲ့.....စိုးရိမ်လွန်ကဲမူတွေနဲ့အတူ......ဆေးရုံကိုအမြန်ဆုံးနည်းနဲ့မောင်းနှင်လာခဲ့တာ။ ဒ်ိီရောက်တော့...ဓာတ်လှေကားတစ်ခါ...လူပြည့်နေလို့..ရိုးရိုးလှေကားကနေ...အမောတကာပြေးတက်လာရပြန်တယ်။ အခန်းရှေ့ရောက်တော့လဲ....အမောတောင်မဖြေအား..အခန်းဝမှာစောင့်နေတဲ့.somi ကို မေးရပြန်တယ်...လူလဲ ချွေးတွေတဗြန်းဗြန်းထလို့နေပြီး။
somi:::::: ဘာမှတော့မဖြစ်ဘူး....နင့်ကို စိတ်ကောက်နေလို့...သောင်းကျန်နေတာ...ငါ့တို့လဲမနိုင်လို့...နင့်ကို ဖုန်းဆက်ခေါ်လိုက်တာ
jane::::: အမ်း......
အံ့သြသင့်နေတဲ့...jane ကို..somi က...သိုင်းဖက်လိုက်ပြီ......စိတ်ကောက်နေတဲ့အကြောင်းကို..ဒီလို့ပြောပြလာပြန်တယ်။
somi:::::: ငါ့ရဲ့....မတော်ရသေးတဲ့ချွေးမလောင်းလေးရယ်.....မနက်ကတည့်က....ဆေးရုံကိုရောက်မလာခဲ့လို့...ငါ့သမီးလေး...တော်တော်စိတ်ဆိုးနေတယ်...သူ့စိတ်ဆိုးပြေအောင် ချော့တော်မူလိုက်ပါအုန်း
jane.က..သူ့ကိုလာမတွေ့လို့.....ကလေးက..စိတ်ကောက်နေတယ့်ဆိုပဲ....jane ဖြစ် ကြည်နူးလိုက်တာ။''''ပါးပါး....တိုးတိုး တိုးတိုးနဲ့...လီလီ ကို..အတင်းတုပ်နေတာလား'''
ကုတင်ပေါ်ကနေ..အသံဆာဆာလေးနဲ့ အော်ပြောလာတဲ့...ကလေးလေးကြောင့်...လှမ်းကြည့်လိုက်ရာ... မျက်မှောက်လေးကုပ်ပြီး..jane တို့ကိုကြည့်နေတယ်။
somi::::::: သမီးလေးကိုဘာမှမပြောပါဘူး....အလုပ်ကြောင်းလေးတွေမေးနေတာပါ...ဟိီး ဟီး
lisa:::::: အဲဆိုလဲ ပြီးရော
somi ရဲ့ အရှောင်ကောင်းမူကြောင့်....ကလေးလေးကယုံသွားတယ်။
somi:::::: မနက်ကတည့်က...ကွေကာပဲသောက်သေးတယ်..ဘာမှလဲမစားသေးဘူး...ချော့ပြီးကျွေးလိုက်ပါအုန်း....ငါ့ လူနာသွားကြည့်လိုက်အုန်းမယ်
