အခန်း ( ၁၁ ) : အတူတူဖြတ်သန်းကြခြင်း( ❌ warning soft core ❌ )
လုထန်က တစ်မိနစ်မျှငြိမ်သက်နေပြီးနောက် သူမကိုကြည့်ကာ
" အိမ်မှာတုန်းကတင်မင်းအရမ်းပျော်နေတာမဟုတ်ဘူးလား "
" မဟုတ်ဘူး "
ရှုရှူကခေါင်းခါ၍
" နည်းနည်းလေးပဲပျော်တာ ... ရှင့်ရဲ့အကြိုက်ပုံစံက အသက်ကြီးပြီးအမျိုးသမီးပုံစံလို့ကျွန်မတကယ်မထင်ထားခဲ့တာပါဆို "
လုထန်က သူမ၏ ပေါက်တက်ကရပြောစကားများကိုစိတ်ရှည်လက်ရှည်နားထောင်ပေးနေပါသော်လည်း သူ၏ မျက်ဝန်းများကမူ အလွန်ကိုအဓိပ္ပာယ်ဖော်မရစွာမှောင်မိုက်နေလေသည် ။
သူမ၏ ပါးမို့မို့လေးများမှာပန်းနုရောင်သမ်းနေပြီး စိတ်အလိုမကျမှုဖြင့်တတွတ်တွတ်ပြောဆိုနေပုံလေးမှာ အလွန်ကိုမှအသဲယားဖွယ်ပင် ။
လူကြီးသူမများ၏ စကားများအရ လက်ထပ်မည်ဆိုရင် တစ်ယောက်နှင့်တစ်ယောက်အကြောင်းကိုခေါင်းစခြေအဆုံးသိထားသင့်သည်ဟုဆိုကြသည် ။ သူနှင့်ရှုရှုမှာမူ လအနည်းကြာသိကျွမ်းပြီး အကြိမ်အနည်းငယ်လောက် အပြင်ထွက်လည်ပြီးနောက် လက်ထပ်ရန်ဆုံးဖြတ်ခဲ့ကြ၏ ။
ဤသည်မှာအလွန်ဆန်းကြယ်သည့်ကံကြမ္မာတစ်ခုပင် ။ နေ့ရက်တိုင်းသူမနှင့်အတူတူနိုးထပြီး သူမ၏ အကြောင်းများကိုတဖြည်းဖြည်းသိလာအောင်ကြိုးစားရသည်မှာ နေ့တိုင်းမတူညီသည့်လက်ဆောင်ဘူးများကိုဖွင့်ဖောက်နေရသကဲ့သို့ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းလှသည် ။
…
လုထန်က မျက်ဝန်းများကိုမှေးကျဉ်းလိုက်ပြီးနောက် သူမ၏အနားသို့တိုးကပ်ကာ အသံနိမ့်နိမ့်ဖြင့်ပြောလာ၏ ။
" မင်းမှားနေပြီ "
ရှုရှုမှာကြောင်အသွားရ၏ ။
" ဘာကိုလဲ "
" ကိုယ်မင်းတစ်ယောက်တည်းကိုပဲချစ်ဖူးတာ "
ရှုရှု : "?"
" ဒါကြောင့်မို့ ကိုယ့်ရဲ့စိတ်ကူးထဲကချစ်သူပုံစံကလဲမင်းပဲ "
YOU ARE READING
Can We Be More Honest [ Myanmar Translation ]
Romance#honest English title - " Can We Be More Honest " ( ကိုယ်တို့ဒီ့ထက်ပိုပြီးရိုးသားလို့ရနိုင်မလား ) Description ရှုရှု : " တော်ပြီ ဘလိုင်းဒိတ်ကလုံး၀ကိုငါနဲ့မသင့်တော်ဘူး လက်လျှော့လိုက်တော့မယ် " " ကိုယ့်ကိုလဲ အိမ်ကအတင်းလက်ထပ်ခိုင်းနေတာလေ ဘာလို့ကိုယ်နဲ...