ရိပေါ် စကားကြောင့် ရှောင်းကျန့်မျက်နှာ အပျက်ပျက် ဖြစ်သွားတယ်။
ထိုစကားကြောင့် ရှောင်းပါးက
"ဒါဆို မောင်ရင် ရယ် အန်ကယ်သားမှာ ဘာ ချို့ယွင်းချက်တွေရှိလို့လဲ ထောက်ပြပေး
အန်ကယ်ကိုယ်တိုင် ပြင်ခိုင်းမယ်!""ချို့ယွင်းချက်ကတော့ သူ ဖြစ်နေလို့ပဲ "
"ဘယ်လို "
"ဟုတ်တယ် သူဖြစ်နေလို့ကို သဘောမကျတာပါလို့ ပြောနေတာ အန်ကယ် နားမလည်တာလား!"
ရှောင်းကျန့်ထိုစကားကြောင့် လက်သီးတင်းတင်းဆုပ်မိသွားတယ်
သူကြောင့် ပါး ရဲ့ သိက္ခာပါ အစော်ကားခံရလာတာလက်တလောသေချာမစဥ်းစားပဲ ပူပူနွေးနွေးလုပ်ပစ်တာမို့ သူအမှားလုံး၀မကင်းခဲ့တာ
သူကြောင့် ရိပေါ်က အခုလို အခြေအနေကို လက်ခံခဲ့မှာပဲ
ထင်ခဲ့ပေမဲ့ လက်မခံတဲ့ အတွက် မျှော်လင့်ချက်လေးဟာတစ်ပိုင်းတစ်စ မဲ့သွားတယ်။
" ခန ရိပေါ်နဲ့ ကျွန်တော် နှစ်ယောက်သီးသန့် စကားပြောချင်လို့ ပါ "
ထိုစကားကြောင့် ရိပေါ်က ရှောင်းကျန့်ကို စိတ်ပျက်သလို ကြည့်ကာ
အခန်းထဲ၀င်သွားတယ်။!မောင် ကောကို စိတ်မပျက်စေရပါဘူး မ ချုပ်နှောင်ပါဘူး မောင်ရယ်!
ရှောင်းကျန့် အခန်းထဲ၀င်လို့ တံခါးပိတ်ရုံရှိသေး ရိပေါ် အရင်စပြောတဲ့ စကားကြောင့်
ပိုတိုးလို့ငိုချင်လာတယ်
"ရှောင်းကျန့် ခင်ဗျား ကိုယ်တိုင် ကျွန်တော်ကို ဆေးခပ်ပြီး အပိုင်ကြံတာ အေး ဆေးခပ်တာကို မပြောဘူး ဒါပေမဲ့ ကျွန်တော်ခင်ဗျားနဲ့ လက်မထပ်နိုင်ဘူးဗျာ"
"ပါးမေးတဲ့ မေးခွန်းပဲ ထပ်မေးပါရစေ"
"အကြောင်းပြချက်မရှိဘူး ရှောင်းကျန့် ကျုပ်ပြောနေတာ ရှင်းနေပြီ"
"အင်း ..."
ထိုစကားကြားပြီး ရှောင်းကျန့် နှုတ်ဆိတ်သွားတယ်။
သူ ဆုံးဖြတ်ဖြတ်ချက်ချလိုက်တယ်။
"၀မ်ရိပေါ်က ကိုယ်ကို မချစ်ခဲ့တာလား"
YOU ARE READING
"𝐖𝐡𝐲 𝐃𝐨𝐞𝐬𝐧'𝐭 𝐌𝐚𝐮𝐧𝐠 𝐋𝐨𝐯𝐞 𝐌𝐞?"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fanfictionမောင်ဘာလို့ငါအပေါ် မချစ်ရတာလဲ လို့မေးတဲ့အခါ မောင်က ပြန်ဖြေတယ် "ခင်ဗျားဖြစ်နေလို့ကို မချစ်တာတဲ့ "?