"မောင်"
"ဗျာ"
"မောင်လမ်းလျှောက်တာ ဘယ်လိုနေလဲ အောင့်သေးလား?"
"နည်းနည်းတော့ အောင့်သေးတယ် အချစ်ရဲ့"
ရိပေါ်ရဲ့မျက်နှာချောချောလေးမှာ.. ချွေးပေါက်လေးတွေ ခိုတွဲတာကြောင့် ရှောင်းကျန့် သူပုဝါ အကြည်လေးနဲ့ သုတ်ပေးလိုက်တယ်...
"အောင်တယ် ဆိုလည်း ဒီမှာ ခန နားရအောင်လေ"
"အင်း အချစ်..."
ရှောင်းကျန့် ရိပေါ် ကို တွဲပြီး ဆေးရုံးထဲက ပန်းခြံအ၀က ခုံလေးကို ထိုင်ခိုင်းပြီး
သူပါ လိုက်ထိုင်လိုက်တယ်..
ရိပေါ်ဘက်ကို သူလှည်တော့ သူနှုတ်ခမ်းကို ဖြတ်ကနဲ နမ်းလိုက်တဲ့ မောင်...
"မောင့်!"
"ဗျ"
"ဘာလို့ ရုတ်တရက်ကြီးနမ်းလိုက်တာလဲကွ"
"ချစ်စရာကောင်းလို့ပါဗျ နောက်ပြီး ကိုယ်တရား၀င်ယောင်္ကျားကို အချိန်မရွေးနမ်းလို့ရတယ်လေကွာ"
"မောင်ကလည်း!"
"အဟွန့် မကျေနပ်ရင် မောင်ကို ပြန် နမ်းလေ"
"ဪ အင်းပါ အရမ်းကြီးနစ်နာသွားအုံးမယ်"
"အဟက် အချစ်ရယ် အရမ်းစွာလာပါလားကွာ"
"မောင့်! ငါမင်းထပ် 6နှစ်ကြီးတယ်နော်..
ငါကိုစွာတယ်လို့ပြောရအောင် ငါက မိန်းကလေးလား ပြော!""မောင်သဘောကအဲ့လိုမဟုတ်ရပါဘူးကွာ စွာတာက မိန်းကလေးကိုသတ်မှတ်ထားတဲ့ စကားလုံးမှ မဟုတ်တာ ယောင်္ကျားလေးလည်း ပြောလို့ရပါတယ်ဗျ"
"မောင် မင်းအရမ်းစကားများတာပဲ"
ရိပေါ်က ရှောင်းကျန့် ခန္ဓာကိုယ်လေးကို သူရင်ခွင်ထဲ ဆွဲသွင်းပြီး...
နှဖူးဘေးကို အနမ်းပေးတော့ မျက်စိမှိတ်အနမ်းခံယူနေတဲ့သူရဲ့ယုန်ကလေး...
"မောင် အချစ်ကို ချစ်ကြောင်းတွေ ပြောဖို့ ရှိသေးတယ်.."
"ဒါဆို ဘယ်အချိန်မှ ကုန်မှာလည်း"
"မောင် အသက်သေသည်အထိ ချစ်ကြောင်းတွေ ပြောနေအုန်းမှာ မောင့်အချစ်ကို"
YOU ARE READING
"𝐖𝐡𝐲 𝐃𝐨𝐞𝐬𝐧'𝐭 𝐌𝐚𝐮𝐧𝐠 𝐋𝐨𝐯𝐞 𝐌𝐞?"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fanfictionမောင်ဘာလို့ငါအပေါ် မချစ်ရတာလဲ လို့မေးတဲ့အခါ မောင်က ပြန်ဖြေတယ် "ခင်ဗျားဖြစ်နေလို့ကို မချစ်တာတဲ့ "?