နံနက်ခင်းက သာယာလှပလို့နေပါတယ်။
ချစ်ရတဲ့ ချစ်သူ ကလည်း အပြုံးကိုယ်စီနဲ့...၀မ်ရိပေါ်ကားမောင်းနေရင်း ရှောင်းကျန့်လက်တစ်ဖက်ကို ကိုင်ကာ အနမ်းပေးတော့
ခေါင်းငုံ့ကာ ရှက်ရွံ့သွားတဲ့ ရှောင်းကျန့်။
ရိပေါ်ကလည်း ထိုအပြုအမှုကြောင့် ထိန်းသိမ်းမရအောင်း ပြုံးမိသွားတယ်။
အခုနေ့မှ ၀မ်ရိပေါ်ရဲ့ အပြုံးဟာ ပိုမို တောက်ပသယောင်
ရှောင်းကျန့်လည်း မကြီးအငယ်ကြီးမှ အခုလို
အပြုအမှုတွေကြောင့်မျက်နှာဟာထားစရာမရှိအောင်ဖြစ်လာတယ်မောင်ဟာလေ သိပ်ကဲတာပဲ...
"မောင် လွှတ်ကွ ငါမသေချင်သေးဘူး"
"မောင်လည်းမသေချင်သေးပါဘူး အချစ်နဲ့အတူဘေဘီလေးတွေထပ်မွေးချင်သေးတယ်"
"မောင်!"
"ဗျာ!!"
ချောမောလွန်းတဲ့ မောင်မျက်နှာကအရမ်း
ကြည့်ကောင်းနေတယ်။
ပြုံးလိုက်တဲ့ နှုတ်ခမ်းပါးလေးက သူနှုတ်ခမ်းကိုအကြိမ်ကြိမ်နမ်းခဲ့တာနှာခေါင်းလုံးလုံးလေးနဲ့ မောင်က သိပ်လက်ဖက်တယ်
ပါးဖောင်းဖောင်းလေးကိုလည်း သူမြတ်နိုးရချည်ရဲ့။
ရှောင်းကျန့် မောင်မျက်နှာကို ငေးသာကြည့်နေမိတယ်။
စော်အော်ရဲ့ ဒယ်ဒီက အသက်နဲ့အလိုက်
အောင်မြင်တယ်... သူမျက်လုံး စုံမှိတ်ကာ မောင်ကို ယုံကြည်ပါတော့မည်။မောင်က လက်မလွှတ်ပဲ ကားသာ ဆက်မောင်းရင်း ၀မ်အိမ်တော်သို့ .....
.
.
.
ရှောင်းကျန့် ၀မ်အိမ်တော်ထဲ စ ၀င်တော့ လက်ဖျားတွေက အေးစက်သွားတယ်
သူ က ဘာအပြစ်မှလုပ်မထားပေမဲ့ သူကြောက်နေမိတယ်။
မသိရင် အပျိုဖျန်းလေး ယောင်္ကျားနောက်ခိုးလိုက်သွားတာ မိဘအိမ် ပြန်အပ်တဲ့ ပုံစံမျိုးကြီး
ရင်ထဲ တထိတ်ထိတ်နဲ့ နောက်တော့ လူက မျက်နှာရော တစ်ကိုယ်လုံးပါ ဖြူဖက်ဖက် ဖြစ်လာတယ်
YOU ARE READING
"𝐖𝐡𝐲 𝐃𝐨𝐞𝐬𝐧'𝐭 𝐌𝐚𝐮𝐧𝐠 𝐋𝐨𝐯𝐞 𝐌𝐞?"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fanfictionမောင်ဘာလို့ငါအပေါ် မချစ်ရတာလဲ လို့မေးတဲ့အခါ မောင်က ပြန်ဖြေတယ် "ခင်ဗျားဖြစ်နေလို့ကို မချစ်တာတဲ့ "?