လက်ထပ်ပွဲနေ့...
ရှောင်းဥက္ကဌရဲ့ အငယ်ဆုံးမြေးနဲ့ Wang groupရဲ့တစ်ဦးတည်းသော သားနဲ့ လက်ထပ်ပွဲ
မနေ့ညနေက ထို သတင်းကြောင်း weibo မှာHot search 1 ကို တန်းချိတ်သွားတယ်။
ဗြုန်းသားကြီးမို့ တရုတ်တစ်နိုင်ငံလုံးကပါဘာမှ မပြောနိုင်လောက်အောင်ပဲ ကြက်သေသေသွားခဲ့တယ်
အင်း တကယ် မယုံကြည်နိုင်ဘူး။
နောက်ပြီး ယောင်္ကျားလေးချင်းဆိုတော့။
.
.
.
"၀မ်ရိပေါ် မင်းကလည်း နည်းနည်းပါးပါးပြုံးပါအုံးကွ"
"ကျစ် စိတ်ရှုပ်လိုက်တာ"
"ဟ စိတ်ရှုပ်စရာ မဟုတ်ဘူး ပျော်စရာအချိန်ဟ "
"မင်းဘဲပျော်နေလိုက် "
ရိပေါ် သူအနောက်က သတို့သားအရံ အဖြစ်လုပ်ပေးတဲ့ ဟောက်ရွမ်းကို ပြောဆိုပစ်တယ်
လက်မထပ်ချင်ပါဘူး ဆိုကာမှ။
၀မ်မားကတော့ တကယ်ပျော်မိပါတယ် သူလည်း ရှောင်းကျန့်ကို သမက်တော်ချင်နေတာ
အခုကတည်းက သူအတွက် မြေးလေးပါ ယူလာပေးခဲ့ပြီလေပိုအချစ်ပိုရတာပေါ့။
.
.
Make up ပြင်ပေးနေတဲ့ လူက သူပြင်ပေးတဲ့သတို့သားလောင်းလေးက အရမ်းလှနေတာကြောင့်
မှင်သက်စွာကြည့်နေမိတယ်
ဘုရားရေ ဒါတကယ်လူရော ဟုတ်ရဲ့လား?
သက်ရှိအရုပ်လေးပါလား!
"မျက်လုံးဖွင့်လို့ရပြီလား!"
" ရ ရ..ရပါပြီ"
ရှောင်းကျန့် မျက်လုံးဖွင့်ကြည့်တော့
မှန်ပေါ်မှာ မြင်နေရတဲ့ သူခန္ဓာကိုယ်အဖြူရောင် သတို့သား ၀တ်စုံလေးနဲ့ သူနဲ့ အရမ်းလိုက်ဖက်နေတယ်
ပါးလေးတွေမို့တက်သွားသည်အထိ ပြုံးလိုက်တယ်။
နောက်ပြီး ဗိုက်ချပ်ချပ်လေးကို ပွတ်ကာ ခပ်တိုးတိုးလေးပြောတယ်
YOU ARE READING
"𝐖𝐡𝐲 𝐃𝐨𝐞𝐬𝐧'𝐭 𝐌𝐚𝐮𝐧𝐠 𝐋𝐨𝐯𝐞 𝐌𝐞?"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fanfictionမောင်ဘာလို့ငါအပေါ် မချစ်ရတာလဲ လို့မေးတဲ့အခါ မောင်က ပြန်ဖြေတယ် "ခင်ဗျားဖြစ်နေလို့ကို မချစ်တာတဲ့ "?