ရှောင်းကျန့် ဆေးရုံက ပြန်တော့ ကုန်တိုက်မှာ
သားသားလေး
အတွက်လိုအပ်တာတွေစျေး၀ယ်ထွက် ဖို့ထွက်လာတယ် အလုပ်ပျက်ခံပြီး လိုက်ပေးတဲ့ ကျဲလည်း ပါတယ်
ဖိုးဖိုးကတော့ ကားထဲမှာပဲ စောင့်ကျန်ရင်းခဲ့တယ်။ ကလေးအင်္ကျီလေးတွေ,ကလေး အသုံးအဆောင် ပစ္စည်း အစရှိတဲ့
ပစ္စည်းတွေ ယူတယ်ရှောင်းကျန့် အပျင်းပြေ အာလူးကြော်စားချင်လို့ အာလူးကြော်ဘက် အတန်းကိုသွားတယ်
အာလူးကျော်လှမ်းယူနေရင်း မျက်လုံးဒေါင့်မှာ မြင်လိုက်ရတဲ့ အရိပ်လေး
သေချာပေါက် ရိပေါ် !
မုန့်တန်းကိုအားပြုကာ ရှောင်းကျန့် ရိပေါ်ကို
ငေးကြည့်နေမိတယ်အရင်ကထပ်ပိုပိန်သွားတယ် ပြီးတော့မတွေ့ရတဲ့ 4လအတွင်းမှာ ပိုပြီးလူကြီးလူကောင်းဆန်နေလာတယ်။
အနောက်တိုင်းအင်္ကျီနဲ့ ရိပေါ်က အရမ်းခန့်ညားပြီး ယောင်္ကျားပီသတဲ့ အမျိုးသားပါ
ဒါပေမဲ့ ထိုအမျိုးသားလေးနဲ့ သူ က တစ်ချိန်က ပတ်သက်ခဲ့ဖူးတယ်
ဗိုက်ကလေးကို လက်ကလေးနဲ့ ပွတ်ကာ
"ဘေဘီလေး က ကောင်းကောင်းမွန်မွန်ကြီးပြင်းလာရမယ်နော်"ရိပေါ်နဲ့ မသက်ဆိုင်တော့ပေမဲ့ သူရဲ့ သွေးသားလေး သူဆီမှာရှိခဲ့တော့
အနည်းအပါးဖြေသာသေးပါတယ်သူရိပေါ်ကို အရမ်းချစ်ခဲ့တာပါ
စချစ်ခဲ့တာလည်းသူ
မုန်းမယ်လို့ တွေးတာလည်းသူ
အရှင်လက်လက်ရင်ကွဲတာလည်း သူပဲ
မနေနိုင်တာလည်းသူပဲ
ရိပေါ်ကြောင့်မပြတ်သားနိုင်တာလည်း သူပဲအချစ်ကြောင့် သူရိပေါ်ကို ချစ်နေလို့ မပြတ်သားနိုင်ခဲ့တာ
လူတစ်ယောက်ကို ချစ်ခဲ့မိပြီဆိုရင် ဟိုအနက်ရှိုင်းဆုံး နှလုံးသား ဖောက်ထွက်မတက်ချစ်တာ
နှုတ်မရတော့တဲ့ ဆူးချွန်လို !
ချစ်တာလေ သူကိုမုန်းဖို့ချစ်တာမှ မဟုတ်ခဲ့တာ။
ငါတို့က ခနတာ ပတ်သက်ခဲ့တဲ့ လူတွေပဲဟာ။
သူ ဘေးမှာလည်း မိန်းကလေး တွေနဲ့ ငါလိုလူကို မလိုချင် မယူချင်တာ ဆန်းသလား?
YOU ARE READING
"𝐖𝐡𝐲 𝐃𝐨𝐞𝐬𝐧'𝐭 𝐌𝐚𝐮𝐧𝐠 𝐋𝐨𝐯𝐞 𝐌𝐞?"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fanfictionမောင်ဘာလို့ငါအပေါ် မချစ်ရတာလဲ လို့မေးတဲ့အခါ မောင်က ပြန်ဖြေတယ် "ခင်ဗျားဖြစ်နေလို့ကို မချစ်တာတဲ့ "?