-16-

9.2K 439 22
                                    

"မာမီ အားးး သားနာတယ် ..."

  "အားတင်းထားသားလေး "

ရှောင်းကျန့် ခွဲခန်းထဲ မ၀င်ခင် မာမီရဲ့ အားပေးစကားကြောင့် အားတက်မိတယ်

အခုအချိန် မောင် သူအနားမှာ ရှိနေရင် နာကျင်မှုတွေက တစ်၀က်လောက်သက်သာမှာ

မျက်ရည်တွေနဲ့ ရှောင်းကျန့် ခွဲခန်းထဲ ၀င်သွားရတော့တယ်

ထိုအချိန်မှ ရှောင်းမာမီနဲ့ ဒယ်ဒီလဲ ခုံလေးပေါ်မှာ ထိုင်ကာ စောင့်နေတော့တယ်

သားလေးက ယောင်္ကျားလေး ကိုယ်၀န်ဆောင်ဖြစ်တာရောကြောင့် တစ်ခုခု လွဲချော်သွားရင်ဖြင့်....
ရင်ကျိုးရမှာ....

ဘာမှမဖြစ်ဘဲ ခွဲခန်းထဲက ချောချောချူချူလေး မွေးပါစေ

ကလေးရောလူကြီးရော အန္တရာယ် ကင်းပါစေ။

ရှောင်းမာမီ ဆံပင် ဘုတ်သိုက်နဲ့ ပင်ချိန်ဆင်ချိန်မရ ရှောင်းမာမီလို မင်းသမီးလို ကျော့ကျော့မော့မော့နေတဲ့ သူက

အခုတော့ သားသမီးဇောနဲ့ လူတောင်မှားရလောက်တဲ့ အထိ မမှတ်မိဘူး။

မျက်ရည်တွေကျနေမိတယ် , သားကျန့်ကျန့်ကို စိတ်ပူတယ်။

ထိုအချိန် ပြေးလာကြတဲ့ လူတစ်စု ထိုလူတွေက

  "မင်းတို့တွေ ဘာလုပ် ငါ့မြေးမွေးတော့မှာကို လှမ်းအကြောင်းမကြားတာ လဲ တောက်စ်"

ရောက်ရောက်ချင်းစောက်နဲ့ထွင်း မြေးဇောနဲ့
ရှောင်းဥက္ကဌက ဆူတော့တယ်။

  "ပါးရယ် သားကျန့်ကအရမ်း..."

"တော်စမ်းပါ ဘာဆင်ခြေဆင်လက်ဆင်နားရွက်တွေ ဘာမှမပြောနဲ့ "

  "ကလေးကခြေအနေက အရမ်းဆိုးရိမ်ရလို့အသိမပေးလိုက်မိတာပါ"

  "ငါမှာ အိမ်ထိန်းက လှမ်းဖုန်းဆက်ပြောလို့ သိရတာ ..."

"သိရချင်းအတူတူ ပါးရယ် စိတ်လျှော့ပါ"

ရှောင်းဥက္ကဌ တို့ အငြင်းပွားမှုရပ်တန့်တော့...

အနောက်က ၀မ်မိသားစု"

"ဟမ် Wang Ceoတို့ မိသားစုက ဘယ်လိုလုပ် ဘယ်လိုရောက်လာကြတာလည်း?"

"𝐖𝐡𝐲 𝐃𝐨𝐞𝐬𝐧'𝐭 𝐌𝐚𝐮𝐧𝐠 𝐋𝐨𝐯𝐞 𝐌𝐞?"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now