လကုန်တော့မယ်။
ရှောင်းကျန့် တာ၀န်ပြီးတော့မယ်။
အဲ့နေ့ အဲ့နေ့က ရှောင်းကျန့် စာဆက်မသင်ပဲ နေမလို့ လုပ်ပေမဲ့ ကျဲယောင်္ကျားက
ဆက်သင်ပေးပါအုံးလို့ တိုက်တိုက်တွန်းတွန်းပြောတယ်။
လကုန်မှ မင်းသဘောပါ ဆိုတဲ့ စကားကြောင့် မှေးတေးလုပ်နေတယ်။
ဒီကြားထဲ ရိပေါ်နဲ့လည်း အလွတ်အကင်းဆုံးနေပြီး ရှောင်တယ်။
ရှောင်းကျန့် လည်း အဲ့နေက ရှင်းရန်ကို ကောင်းကောင်းကြီး အပစ်ပေးတယ်
သူမိဘတွေကို ထိပ်တိုက်ခေါ်တွေ့ကာ အကျိုးအကြောင်းပြောပြတော့
ရှင်းရန်မိဘတွေက သူသားအပစ်အတွက် အနူးအညွန့်တောင်းပန်ပြီး
ရှင်းရန်ကို ကျောင်းကနေထုတ်ကာ us မှာ စာသင်ဖို့ usကို ပို့ပစ်ခဲ့တယ်
မျက်နှာမပြရဲဘဲ ဖြစ်နေတဲ့ ရှင်းရန် မိဘတွေက သိပ်သနားဖို့ကောင်းတာ
သူတို့က ပျားအုံအကြီးကြီးကိုမှဒုတ်နဲ့သွားထိုးမိတာ
ရှောင်းဥက္ကဌရဲ့ အသဲအညှာက သူမြေးထဲကအငယ်ဆုံး ရှောင်းလောင်ရှီးဖြစ်တယ်။
ရှင်းရန်ကိုလည်း အတော်လေးဆူပစ်တယ်။
ဟူးးး ထိုနေ့ကနေ အခုနေ့အထိ ၀မ်ရိပေါ်နဲ့ စကားလုံး၀မပြောသေး။
အမ်း မျက်နှာချင်းဆိုင် မျက်လုံးချင်စုံမိရင်တောင် အကြည့်လွှဲသွားတယ်
ဒီလိုအခြေအနေက အရမ်းကို အနေရခက်စေတယ်
ဘယ်လောက်ပဲ သူကို မုန်းပြီးရွံနေပါစေ
သူကတော့ ပိုပိုပြီး ချစ်မိပါတယ်။ ရင်တွင်းမှာပဲ မြိုသိပ့်မယ်။
ရိပေါ်ကတော့ သူကို အရွဲ့တိုက်နေလား မသိပေမဲ့ ။
ထို လီလီဆိုတဲ့ မိန်းကလေးနဲ့အမြဲတွဲသွားတွဲလာ လုပ်တယ်
အတန်းထဲက ကျောင်းသားတွေပြောပြသလောက် သူတို့နှစ်ယောက်က အရမ်းအားကျရတဲ့ အတွဲတွေတဲ့။
ရိပေါ်ကို အဲ့မိန်းကလေးမိဘတွေနဲ့ မိတ်ဆက်ပေးတာတဲ့လေ
အတော်လေးအဆင်ပြေပြေပဲတဲ့
YOU ARE READING
"𝐖𝐡𝐲 𝐃𝐨𝐞𝐬𝐧'𝐭 𝐌𝐚𝐮𝐧𝐠 𝐋𝐨𝐯𝐞 𝐌𝐞?"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]
Fanfictionမောင်ဘာလို့ငါအပေါ် မချစ်ရတာလဲ လို့မေးတဲ့အခါ မောင်က ပြန်ဖြေတယ် "ခင်ဗျားဖြစ်နေလို့ကို မချစ်တာတဲ့ "?