အပိုင်း-2

4K 363 35
                                    

'Ommm ခေါင်းမူးလိုက်တာ'

ညည်းတွားမှု့နဲ့အတူ လွှာနှိုးထလာခဲ့သည် အားရပါးရ အကျောဆန့်ပြီးမှ လွှာမျက်လုံးဖွင့်ကြည့်မိတော့ မျက်နှာကဆူပုတ်ပြီး လွှာ့ကိုလက်ပိုက်ကြည့်နေတဲ့ကောင်မလေးတစ်ယောက်

'မင်းဘယ်သူလဲ ဟမ် ဘာလို့ငါ့အခန်းထဲရောက်နေတာလဲ'
'ကိုယ့်အခန်းရောဟုတ်ရဲ့လားသေချာပြန်ကြည့်ဦး'

လွှာ့အခန်းမဟုတ် လွှာ့လိုဇိမ်ခံပစ္စည်းအကောင်းစားကြိုက်တဲ့သူအတွက်အခန်းရှင်းလင်းမနေ

'ငါဘယ်ကိုရောက်နေတာလဲ မင်း မင်း ငါ့ကိုပြန်ပေးဆွဲလာတာလား idol ကိုစွဲလမ်းနေတဲ့ psychopath လား' 

လွှာပြောရင်း ပေါင်ပေါ်ကစောင်အပါးလေးကိုလည်ပင်းအထိအုပ်လိုက်သည်

'ရူးနေလား ရှင် ညကြီးမိုးချုပ် မူးရူးပြီးသူများအခန်းထဲလဲဝင်လာသေးတယ် ပစ္စည်းတွေလဲခွဲသေးတယ် ပြီးတော့ ဘာရယ် ရှင့်ကိုပဲကျွန်မကပြန်ပေးဆွဲလာရဦးမယ် စဥ်းစဥ်းစားစားပြောစမ်းပါ ပြီးတော့ရှင့်ကိုစွဲလမ်းဖို့နေနေသာသာ ရှင့်ကိုသိတောင်မသိဘူး'
'မဟုတ်ဘူးဆိုလဲမဟုတ်ဘူးပေါ့ တကယ်ပဲ စွာလိုက်တာ'
'စွာတယ်? စွာအောင်ဘယ်သူလုပ်တာလဲ'

လူကောင်သေးသလောက်အသံလဲကျယ်ပြီးစွာလဲစွာတဲ့ကလေးမလေးပါလေ

'ကဲပြော ပျက်စီးသွားတာတွေအတွက်ဘယ်လောက်ပြန်လျော်ပေးရမလဲ'
'အခုလိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ရင်ရှင့်ကိုကျားကိုက်လို့လား'
'ကျေးဇူးတင်တယ်ဆိုတဲ့စကားကဗိုက်မပြည့်ဘူး ပိုက်ဆံနဲ့မှဗိုက်ပြည့်အောင်ဖြည့်လို့ရတာ ပြော ဘယ်လောက်လျော်ရမလဲ'
'ပိုက်ဆံအဲ့လောက်တောင်ပေါနေလား'
'အင်း ငါ့ဘဝမှာအပေါဆုံးကပိုက်ဆံပဲ'
'အဲ့ ပေါနေတဲ့ပိုက်ဆံတွေနဲ့ရှင့်ရဲ့ အရိုးပေါ်အရေတင် bodyနဲ့ ပြားချပ်နေတဲ့ဗိုက်ကိုသာဝအောင်ဖြည့်လိုက်အဒေါ်ကြီးရဲ့'
'ဘ ဘာ!'

လွှာ ဆိုဖာကနေထကာထိုကလေးမလေးရှေ့ရပ်ရင်း ခါးထောင်ကာပြန်ရန်တွေ့မိသည်

'မင်း ငါ့ကိုဘယ်လိုခေါ်လိုက်တယ် ဘာ! အဒေါ်ကြီး ငါ့ကိုအဒေါ်ကြီးလို့ခေါ်လိုက်တယ်? ဟုတ်လား'
'ဟူတ်တယ် အဒေါ်ကြီးမို့အဒေါ်ကြီးလို့ခေါ်လိုက်တာ ဘာဖြစ်လဲအဒေါ်ကြီး'
'မင်း ah......'
'သူများအခန်းမှာလာမအော်နဲ့ သွား ကိုယ့်အခန်းကိုယ်ပြန်အော် သွား'
'မင်း!' 

Lovestop(Complete)Where stories live. Discover now