အပိုင်း-8

2.5K 225 60
                                    

ည၈နာရီကားကြည့်ဖို့ လက်မှတ်ကောင်တာရှေ့မှာလူတွေပြည့်နေသည်

'၅၀၀၀တန်းလက်မှတ်ပေးပါ'
'အတွဲခုံတစ်ခုံပေးပါ'
'မရတော့ဘူးရှင့်'
'၅၀၀၀တန်းရော'
'မရတော့ဘူးရှင့်'
'နောက်ဘက်အတန်းခုံတွေမရတော့ရင် ရှေ့အတန်းပဲကြည့်ကြမယ်လေ'
'ရှေ့အတန်းကမော့ကြည့်ရတာခေါင်းညောင်းတယ်ဟ'
'ဝယ်လိုက်စမ်းပါဟယ်'
'အမ ရှေ့ဘက်အတန်းကခုံ၂ခုံပေးပါ'
'အဲ့တာလဲမရတော့ဘူးရှင့်'
'ဟိုမှာခုံတွေကအကုန်လွတ်နေတာမဟုတ်ဘူးလား'

လက်မှတ်ဝယ်တဲ့အတွဲကကောင်မလေးက tv screen ကိုလက်ညှိုးထိုးပြလိုက်သည်

'ဟုတ်ပါတယ် ဒါပေမဲ့ လူတစ်ယောက်က ဒီအချိန်ပြမဲ့ကားအတွက်ရုပ်ရှင်ရုံကိုအပြတ်ငှားသွားလို့ပါ'
'ဒီကားကြည့်ချင်နေတာကို ....'
'နောက်တစ်ခေါက်မှပေါ့အချစ်ရယ်'

ကောင်တာကလက်မှတ်ရောင်းတဲ့အရောင်းဝန်ထမ်းကောင်မလေးလဲဖြေရပါများပြီး​မောလာတာမို့ ည၈နာရီကားအတွက်လက်မှတ်မရှိတော့ပါလို့စာရေးပြီးကောက်တာမှာကပ်ထားလိုက်တော့သည်
လက်မှတ်အားလုံယကိုအပြတ်ဝယ်ပြီးရုံကိုငှားသွားတဲ့သူကတစ်ခြားသူမဟုတ် လွှာပင်

'တစ်ခြားသူတွေလဲမရှိကြဘူးနော် မှူးတို့နှစ်ယောက်ထဲရယ် မသိရင် ရုပ်ရှင်ရုံကိုအပြတ်ငှားထားသလိုပဲ'
'အပြတ်ငှားထားတာပဲလေမှူးရဲ့'
'ဟင်'
'၈နာရီကားအချိန်အတွက်ရုံကိုအပြတ်ငှားလိုက်တာ'
'ပိုက်ဆံတွေကုန်တော့မှာပဲ'
'ပမွှားလေးပါကွယ်'
'ရုပ်ရှင်စနေပြီ'

ရုပ်ရှင်ကကောင်းလားမကောင်းလားတော့မသိ တစ်ဝက်လောက်အရောက်မှာ မှူးကခလူးခလောဖြစ်နေပြီ

'မှူး ဘွဲ့မှူး ဝေ့ မှူး'

ခေါင်းကိုနောက်ကိုလန်ထားပြီးပါးစပ်ကဟကာအားရပါးရအိပ်ပျော်နေတဲ့မှူး

'ခူး.....'

ခပ်သဲ့သဲ့တောင်ဟောက်လိုက်သေး

'တကယ်အိပ်ပျော်သွားတာလား ပြောတော့ဒီကားကိုကုည့်ချင်လှပါရဲ့ဆိုပြီး ခုကျခလူးခလောနဲ့ တကယ့်ချီးထုပ်လေး'

လက်ကနာရီကိုကြည့်လိုက်တော့၉နာရီ၂၀

'အင်းပေါ့ ၉နာရီဆိုအိပ်တဲ့သူဆိုတော့လဲ အိပ်ချင်နေတော့မှာပေါ့'

Lovestop(Complete)Dove le storie prendono vita. Scoprilo ora