အပိုင်း‐18

2.7K 334 16
                                    

ဆေးရုံလူနာခန်းရှေ့မှာရပ်နေကြတဲ့ မယ် နဲ့ မှူးရဲ့မိဘတွေ

'မှူး သူက တိုက်မီးလောင်တဲ့ညတုန်းတုန်းကကိစ္စတွေထိကိုပဲမှတ်မိတယ်ထင်တယ် အခုဖြစ်ခဲ့တဲ့ကိစ္စတွေရော သူဆေးရုံကိုဘာကြောင့်ရောက်လာတာတွေရော သူမမှတ်မိဘူး'
'မှတ်ဥာဏ်တွေပျောက်သွားလို့ဝမ်းနည်းရမလား ဝမ်းသာရမလားတောင်မသိတော့ဘူး ဒါပေမဲ့  ဘာပဲဖြစ်ဖြစ်
တော်သေးတယ် ငါ့သမီးလေးဒီဆိုးရွားတဲ့ကိစ္စတွေကိုမေ့သွားလို့'

မှူး မေမေပြောနေတာကိုအဖေဖြစ်သူကလဲခေါင်းတညှိမ့်ညှိမ့်နဲ့နားထောင်နေလေသည်

'သူအခုမသိလဲနောင်ကျသိမှာမလို့ မယ် တိမ်လွှာမို့မို့လွင်နဲ့ကိစ္စကိုအကြမ်းဖြင်းတော့ပြောပြထားတယ် ကလေးအကြောင်းတော့မပါထားဘူး မယ်တောင်းဆိုချင်ပါတယ် မှူးကိုကလေးကိစ္စနဲ့ပက်သက်ပြီးဘာမှမပြောပါနဲ့ မယ် သူ့ကိုဝမ်းမနည်းစေချင်လို့'
'အင်း အမတို့တွေလုံးဝမပြောဘူး'
'ဝင်သွားလိုက်ပါဦး သူ မေမေတို့ရောမလာသေးဘူးလားလို့ခဏခဏမေးနေတာ'

မယ့်စကားဆုံးသည်နှင့် မှူးမေမေဟာ မှူးရှိရာအခန်းထဲဝင်သွားတော့သည်

'အမလေး ငါ့သမီးလေး သတိရလာလို့တော်သေးတာပေါ့'

ဟုဆိုကာမှူးကိုဖက်ထားတော့လေသည်
မယ်နဲ့ မှူးဖေဖေကတော့ သားအမိနှစ်ယောက်ကိုအခန်းပြင်ကနေသာကြည့်နေကြမိသည်

'အကိုလဲဝင်သွားလေ'
'သားအမိနှစ်ယောက်အရင်အလွမ်းသယ်ပါစေဦး'

သားအမိနှစ်ယောက်အလွမ်းသယ်နေကြတဲ့မြင်ကွင်းမှာတကယ်ကြည်နူးစရာပင်

'မယ်'
'ဟုတ်ကဲ့'
'အကိုတို့စကားခဏပြောကြမလား'
'ဟုတ်'

မှူးဖေဖေနဲ့မယ် ဆေးရုံအပြင်ဘက်ဆီလမ်းလျှောက်ထွက်ခဲ့ကြသည်

'မယ့်ကိုကျေးဇူးတင်ပါတယ် အကို့သမီးလေးနားအမြဲရှိနေပြီးကာကွယ်ပေးလို့'
'ကျေးဇူးတင်ဖို့မလိုပါဘူး မယ် ကျေးဇူးတင်ခံချင်လို့ မှူးအပေါ်ဒီလိုတွေဆက်ဆံခဲ့တာမဟုတ်ပါဘူး မယ့်ပင်ကိုယ်အသိစိတ်နဲ့နှလုံးသားရဲ့စေညွှန်းချက်ကြောင့်ဒီလိုပြုမူရတာပါ'
'မယ်တို့တွေကရုပ်ရှင်မင်းသမီးတွေမို့လို့လားပဲနော် စကားချိုချိုလေးတွေကတော့တကယ်ပြောတတ်တယ် ရုပ်ရှင်ထဲကစာသားတွေကိုများပြောနေသလားမှတ်ရတယ် ဒီလိုပဲ စကားချိုချိုလှလှလေးတွေပြောတတ်တဲ့တိမ်လွှာမို့မို့လွင်ကိုယုံကြည်မိလို့ သူ့လက်ထဲ သမီးလေးကိုယုံယုံကြည်ကြည်အပ်လိုက်မိတာ ပထမတစ်ကြိမ်မှားပြီးပြီ ဒါကြောင့်ဒုတိယအကြိမ်အနေနဲ့တော့အမှားမခံန်ိုင်ဘူး အကို မယ့်လက်ထဲသမီးလေးကိုလွယ်လွယ်နဲ့အပ်မှာမဟုတ်ဘူး'
'မယ်နားလည်ပါတယ် ဒါကြောင့် မယ် မှူးကိုလက်ထပ်ရဖို့ကိုမလောပါဘူး မှူးအတွက်မယ်ကဒိုင်းကာကောင်းကောင်းဖြစ်ကြောင်း အကိုတို့တွေ မယ့်ကိုယုံကြည်လာသည်ထိမယ်ကြိုးစားပါ့မယ်'

Lovestop(Complete)Where stories live. Discover now